Ch-41(အဆက်)

488 52 17
                                    

" KS ကိုယ်တောင်းပန်ပါတယ်ကွာ..........................................."

အဲ့နေ့နောက်ပိုင်း KS ထပ်ပြီးတော့ ဘယ်သူနဲ့မှ မတွေ့ဖြစ်တော့သလို KS လည်း ကုမ္ပဏီအလုပ်တွေနဲ့ရှုပ်နေခဲ့တယ်။ ဘွဲ့နှင်းသဘင်အခမ်းအနားကိုတောင်မသွားခဲ့ရပါဘူး။ ဒီအတိုင်း ဘွဲ့ရလက်မှတ်လေးကို လူတစ်ယောက်နဲ့ယူခိုင်းလိုက်ရတယ်။ သူငယ်ချင်းတွေကို မတွေ့ဖြစ်ဆို အိမ်ချင်းနီးတဲ့ sehun ကိုတောင်မတွေ့ဖြစ်တော့အထိ။ အလုပ်ရှုပ်နေတာမဟုတ်ပါဘူး။ သူကိုယ်တိုင် လုပ်စရာမလိုတဲ့အလုပ်တွေကိုတောင် ကိုယ်တိုင်လုပ်နေတာကြောင့် ဘယ်သူမှသူ့ကိုတားလို့မရတာကြောင့်လွှတ်ထားကြရတယ်။ နောက်ပြီး သူ ပါးရဲ့လုပ်ငန်းကို သူကိုယ်တိုင် ဦးစီးနေတဲ့အပြင် နိုင်ငံခြားက ကုမ္ပဏီလုပ်ငန်းတွေကိုပါ လုပ်နေတာကြောင့် သူရဲ့ပါးက အိမ်မှာပဲနေတာ့တယ်။

ဒါပေမဲ့ KS Chanyeol ရဲ့ ဉာဏ်နီဉာဏ်နက်တွေကို သတိလွတ်သွားခဲ့တာ။ သူ လုံးဝမမျှော်လင့်ထားတဲ့ တစ်ရက်မှာ KS ကို အံ့သြမှင်သက်စေခဲ့တယ်။ အဲ့နေက KS ကုမ္ပဏီကနေအပြန်ပါ။ဧည့်ခန်းထဲမှာပါးနဲ့ဧည့်သည်တစ်ယောက် စစ်တုရင်ကစားနေတာကို အမှတ်တမဲ့သတိထားမိခဲ့တာ။KS ဝင်လာတဲ့ဘက်ကို သူကကျောပေးထားတာဆိုတော့  KS လည်းဂရုမစိုက်မိ။ KS ထမင်းစားခန်းထဲတန်းဝင်ခဲ့ပြီး ရေခဲသေတ္တာထဲက ရေဘူးကိုဆွဲထုတ်ကာ ရေသောက်နေတုန်း......

'ချက်စ်' ဆိုတဲ့အသံကြောင့် ဒီအသံကိုသူရင်းနှီးနေပါတယ်ဆိုပြီးတွေးလိုက်မိသေးတယ်။

KS'Pa: " ဟာကွာ အန်ကယ်အဲ့အကွက်ကို အငိုက်မိသွားတယ်။ မင်းကတော့လျှင်တယ်ကွာ  "

Chan : " အန်ကယ်မြင်မယ်မှတ်တာ။ စိတ်မကောင်းပါဘူး အန်ကယ်။ကဲ......ကျွန်တော်ပြန်လိုက်တော့မယ် ။ မနက်ဖြန် အန်ကယ် လမ်းလျှောက်အုံးမှာမလား။  ကျွန်တော်ကန်ဘောင်မှာရှိမယ်လေ "

ဒါ ဒါ chanyeol ရဲ့အသံ။ KS ရေဘူးကို ရေခဲသေတ္တာထဲတောင်ပြန်မထည့်နိုင်ဘဲ ဧည့်ခန်းထဲကိုရောက်သွားမိတယ်။ ပါးနဲ့သူငယ်ချင်းတွေလို ဖက်လှယ်တကင်းနှုတ်ဆက်နေတာPark Chanyeol ဆိုတဲ့လူသားပါပဲ။  KS အရမ်းအံ့သြနေတဲ့အချိန်မှာ သူက KS ဘက်ကိုလှည့်ကြည့်ပြီးသူ့စတိုင်အတိုင် ခပ်နွေးနွေးပြုံးပြလေရဲ့။

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now