Ch-16

542 81 30
                                    

Unicode

KS တို့ဘုရားရောက်တော့ လူသိပ်မရှိသေးဘူး။ ဒါပေမဲ့ စည်သင့်သလောက်တော့စည်နေပါတယ်။ ပန်းဝယ်ဖို့သွားကြတော့ ပန်းသည်ကောင်မလေးက သူတို့နှစ်ယောက်ကို ဘယ်လိုထင်နေလဲတော့မသိ ပြုံးပြီးကြည့်နေတာများ ။ ဒီနေ့မှသူတို့နှစ်ယောက်ကလည်း ပုဆိုးနဲ့ဖိနပ်က လာတူနေတာမသိရင် couple တွေအတိုင်း။ KS ဂရုမစိုက်ချင်ယောင်ဆောင်နေပေမဲ့လက်တွေကအေးစက်နေလောက်ပြီ။ Chan ကတော့ တကယ်ဘာမှမဖြစ်တဲ့ သူဖြစ်နေတာ သူ့ဘာသာပဲသိတယ်။ ဘုရားပေါ်ရောက်တော့ ကိုယ့်မွေးနေ့  ထောင့် ကိုသွားပြီးဘုရားရှိခိုးကြတယ်။ ဒီနေ့က ဘယ်လိုပြောရမလဲ KS ရဲ့ မှတ်ဉာဏ်ထဲက ထုတ်လို့မရတဲ့ လူတစ်ယောက်ရဲ့ မွေးနေ့ဆိုပါတော့။ Ks ဘုရားရှိခိုးနေတာ ကြာသွားတယ်ထင်တယ်။ chan ကိုရှာလိုက်တော့ သူနဲ့မလှမ်းမကမ်းမှာရပ်နေတာတွေ့တာနဲ့သူဆီလျှောက်သွားလိုက်တယ်။

Ks : " sorry နည်းနည်းကြာသွားတယ်"

Chan : " ရပါတယ် ။ ဘယ်သွားအုံးမလဲ "

KS : " အင်း......ငါတော့သွားစရာမရှိတော့ပါဘူး မင်းရောဘယ်သွားအုံးမလဲ"

Chan : " မနက်စာ သွားစားရအောင်လေ ဘာမှမစားရသေးဘူးမလား"

KS : " ok လေ သွားကြတာပေါ့"

KS တို့စကားပြောရင်းကားဆီကို လမ်းလျှောက်လာတော့ ဘေးက ကောင်မလေး တစ်သိုက်က သူတို့ကို ကြည့်ပြီး

Girls 1 : " အတွဲတွေလားမသိဘူး အရမ်းချောတာပဲ နှစ်ယောက်လုံး"

Girl 2 : " အား....ခုနကတည်းက ငါမြင်နေတာ အရပ်ရှည်ရှည်နဲ့ အကိုကြီးက အကိုသေးသေးလေးနဲ့စကားပြောနေတော့ ရွှန်းရွှန်းစားစားကြည့်နေတာများဟယ် အသည်းတွေတောင်ယားတယ်"(အကိုသေးသေးလေးတဲ့ 😂😂 ရီနေပါပြီနော်🤣)

Girl 3 : " မဖြစ်နိုင်တာဟယ် နှစ်ယောက်လုံးက ချောချောလေးတွေဟာကို "(အစစ်မ ရှချင်နေတာ)

Girl 1 : " ဘာလို့မဖြစ်နိုင်ရမှာလဲ ။ မသိရင် အသာနေစမ်းပါဟယ် ။ "

Gril 2 : " အေးလေ ။ ငမ်းမနေနဲ့ အရှခံနေရမယ် ။ "

Girl 3 : " မသိဘူး ။ ငမ်းမှာပဲ နှစ်ယောက်လုံးက ချောချောလေးတွေ။ ဟို ဟိုအကိုသေးသေးလေးက ပိုပြီးအသည်းယားဖို့ကောင်းတယ် ဟီ"

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ