Ch-6

711 81 2
                                    

နောက်နေ့ KS တို့ကျောင်းလာတော့ canteen မှာလူတွေအုံပြီး ရယ်သံတွေ ဆူညံနေတာကိုတွေ့ရတယ်။ နောက်ပြီးKSတို့အုပ်စုဆီကို လူတွေကြည့်လာကြတယ်။ အရင်တုန်းကKSတို့ကို ကြည့်ကြပါ။ အခုဟာကခါတိုင်းနဲ့မတူဘူး။ အရမ်းထူးဆန်းတယ်လို့ခံစားရတယ်။ နောက်တော့ ရယ်သံတွေတိတ်ပြီးသတိထားစောင့်ကြည့်နေတဲ့ပုံမျိုးပြောင်းသွားတယ်။ အဲ့ဒီအချိန် Kyung soo ဆိုတဲ့အသံနဲ့အတူ သူနဲ့ ကျောင်းတုန်းက ငယ်သူငယ်ချင်း sehun က ရောက်လာတယ်။

(Sehun နဲ့ KS အကြောင်း ပြောပါရစေ။ Sehun လည်းနဲနဲ အရေးပါတာမို့ 😁) sehunက သူ့အကြောင်းသိပြီးသားမို့ ကျောင်းစတက် ကတည်း မခေါ်ဘူးလို့ ကြိုပြောထားတာ။ sehun က နားငြီးတာမကြိုက်ပါဘူး။ သူဟာသူချောပေမဲ့ KS နားမှာနေရင် KS ပညာပေးတာကိုမကြိုက်ပါဘူး။အဲ့တာကြောင့် သူ့ဘာသာသူနေတာပါ။တားလည်းမတားရက်ဘူးလေ။  အိမ်နားနီးချင်းလည်းဟုတ် တိုင်ပင်ဖေါ်တိုင်ပင်ဖတ်လည်းဟုတ်ပါတယ်။မိဘချင်းလည်းရင်းနှိးပါတယ်။ Ksနဲ့ Chan ရဲ့ အကြောင်းကိုလည်းသိထားသူပါ။Ks ကလည်းပြောပြထားပါတယ်။ KS ရဲ့ အကြောင်းဆိုဗိုက်ထဲမှာ အူဘယ်နှခွေရှိလည်းဆိုတာကအစ Sehun  ကသိပါတယ် ။  Sehun က ဂျာမနီ ဘာသာယူထားသူပါ။ (ပြန်ဆက်မယ်။)
အခုလည်း သူရောက်လာတော့ Sehun တော်တော်ဒေါသထွက်နေပုံပါ။

Sehun : " Kyung soo!!!!!"

Ks : " Hun လေး"

Ks အရမ်းအံ့သြသွားတယ် Sehun က သူဆီလာသူမဟုတ် ။ သူက ပဲ သွားတွေ့ရတာပါ။ အခုလိုလဲ မအော်ဖူးဘူး။ အထူးသဖြင့်လူကြားထဲမှာပါ။ (အရမ်း စိတ်ပူ စိတ်တိုနေတဲ့အချိန် အော်ပါတယ်။) အားလုံးက အရမ်းစိတ်ဝင်စားနေမှာပါ။ ဂျာမနီ ဘာသာက King နဲ့ All king က ဘယ်လိုသိလဲပေါ့။ နောက်ပြီး Sehun နဲ့ Ks ကို အရမ်းအံ့သြကာ စကားမပြောနိုင်တဲ့ ကောင်လေးတစ်ယောက်လဲရှိသလို(တကယ်တော့ Sehun ကိုငေးနေတာ 😂) ၊ sehun ရဲ့ ဘေးက ပါလာတဲ့ တစ်ယောက်ကို မျက်လုံးကျွတ်ကျမတက်ကြည့်နေတဲ့ ကောင်လေးလဲရှိတယ်။ (aww ကိနြေ လည်းထိန်းကြပါ ငဘတ်နဲ့ ချမ်းရယ်)

(သူတို့အားလုံးရဲ့ အသက်ကို အတူတူလို့ပဲ သဘောထားပေးပါ။ လ ပဲမတူတာမို့ #Xd😁။)

Sehun : " မင်း.......လာလိုက်ခဲ့"

Ks sehun ရဲ့ ဆွဲခေါ်ရာနောက်ကို ပါသွားသလို  sehun ကို ငေးနေတဲ့ ငဘတ်လည်း ပြေးလိုက်သွားလေရဲ့။ ကျန်နေတာက chen ရယ်ပါ ။ xuimin က ထမလားကြည့်နေပေမဲ့ ငေး ကောင်းနေသော သူအား စိတ်မရှည်စွာ ဆွဲခေါ်ခဲ့တော့။ chen မျက်နှာက တော့ ပျားရည်အိုး မှောကြထားတဲ့ အတိုင်းပါ။

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now