Ch-32

491 39 25
                                    

Uni

သူတို့တွေညစာစားပြီးတော့ အကုန်လုံးပြန်သွားတဲ့အချိန် ကျန်နေခဲ့တာဆိုလို့ KS နဲ့ Chan ပဲရှိတော့တယ်။

Chan : " ဘာလုပ်မလို့လဲ KS "

KS : " ဟိုကောင်တွေကို ပြသာနာရှာမလို့လေ ။ ငါ့ကို ခုနက ပြောထားတွေမင်းမကြားလို့လား။ လက်စားပြန်ချေရမှကျေနပ်မှာ။ "

Chan : " မနိုင်ဘူး ။ မင်းကို ။ "

KS : " သိသင့်တာကြာပြီ ။ ဒါနဲ့ သူတို့ တွဲကြတာ ဘယ်လောက်ကြာပြီလဲ။ဘာလို့ ငါကမသိရတာလဲ။ "

Chan : " yixing က suho ကို လ်ိုက်နေတာကြာပြီ။ ပြီးခဲ့တဲ့ လတုန်းကတည်းက ။ Yifan လည်းတူတူပဲ။ မြင်မြင်ချင်း သဘောကျလို့တဲ့။ Jongin က သူ့စိတ်သူ မသေချာသေးလို့တဲ့လေ။ Chen နဲ့ minseok က sehun မွေးနေ့ပြီး နောက်နေ့လည်းကျတော့ ချစ်သူဖြစ်သွားတယ်။ "

KS : " ငါက ဘာလို့မရသိရတာလဲ "

Chan : " မင်း ငါနဲ့လျောက်သွားနေတာ မဟုတ်ဘူးလား။ ငါတောင် Jongin ပြောလို့သိတာ။ "

KS : " ငါတို့ 12 ယောက် sehun surprises ပြီးကတည်းက မတွေ့ဖြစ်ကြတာ။ တွေ့လိုက်တိုင်း လူမှမစုံတာ။ "

Chan : " အမြဲတမ်း ၂ ယောက် ၃ ယောက်ကတော့ လိုနေတာ "

Ks : " အဲ့တာတော့ ဟုတ်တယ်။ လာသွားရအောင် "

Chan : " ဘယ်ကိုလဲ "

KS : " ဟိုကောင်တွေဆီ "

Chan : " ဒါတွေက ....???"

KS : " မင်းမြင်တဲ့အတိုင်းပဲ ။ လာ ပါကွာ ။ ပြီးရင် မင်းခိုင်းတာ ငါလုပ်ရအုံးမှာ "

နှစ်ယောက်စလုံး စားသောက်ခန်းထဲက ထွက်သွားပြီး သူတို့ရဲ့ အခန်းတွေ ဆီကို သွားကြတော့တယ်။ Chan က Kris ၊ Lay ၊ Minseok ၊ sehun တို့ကို ခေါ်ကာ အချိန်ဆွဲထားဖို့ပြောပြီး KS က ကျန်တဲ့လေးယောက်ဆီကို သူကိုယ်တိုင် Edited ထားတဲ့ ဓာတ်ပုံတွေနဲ့ သူတို့စိတ်ခုမဲ့ဟာစကားလုံးတွေချည်းရွေးပြောခဲ့တာ။ သေချာတာကတော့ ဒီနေ့ညနဲ့ မနက်ဖြန်တော့ မျက်စိနောက်သက်သာပေအုံးမည်။

KS : " ဘယ်လိုလဲ အဆင်ပြေတယ်မလား "

Chan : " ​မေးနေစရာတောင် မလိုဘူး"

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now