Ch-18

548 76 12
                                    

Unicode

KS မြို့ပြင်က အိမ်လေးကို ထွက်လာခဲ့တာပါ။ ဒီအိမ်လေးက သူ့အတွက် စိတ်ညစ်တဲ့အချိန်တိုင်းလာတဲ့နေရာတစ်ခုပါ။ ညီ....ညီပြောလိုက်တာက ဘာမှမဟုတ်ပေမဲ့ ကျွန်တော့်အတွက် မေ့ထားတဲ့ဒဏ်ရာတွေက အတိုင်းအဆမရှိအောင် နာကျင်ရတယ်။ ဟုတ်ပါတယ် ။ညီပြောသလို ကျွန်တော်က အထားခံခဲ့ရတဲ့သူတစ်ယောက်ပါ။ ကျွန်တော့်ကို အကုန်လုံးကထားခဲ့ကြတာ။ ကျွန်တော် အလယ်တန်း အရွယ် မှာ မား က ကျွန်တော် နဲ့ ပါးကိုထားခဲ့တယ်။ အဲ့အချိန်တုန်းက မား သာ ကျွန်တော့်ရဲ့ဘဝထဲကနေ အပြီးတိုင် နှုတ်ဆတ်ထွက်ခွါသွားမယ်ဆိုတာ သိခဲ့ရင် ကျွန်တော် မား ကိုမသွားပါနဲ့လို့ ​တားခဲ့မိမှာ။ မား ဆုံးပြီး တစ်ပတ်အကြာမှာပဲ ကျွန်တော့်အကိုက ကျွန်တော့်ကို ထားခဲ့တယ်။ မား သေတာ ကျွန်တော့်ကြောင့်တဲ့။ သူ့ကို လိုက်မရှာနဲ့တဲ့လေ။ စာလေးတစ်စောင် ထားပြီး ထွက်သွားခဲ့တယ်။ နောက်ပြီး ကျွန်တော့ရဲ့ အချစ်ဆုံးသူငယ်ချင်း ဘတ်မင်ဂျယ် ။ ကျွန်တော့ကို ထားသွားခဲ့တယ်။ လောကကြီးက မတရားဘူးဗျာ။ ကျွန်တော့်ကို နည်းနည်းလေးတောင် လှည့်မကြည့်ခဲ့ဘူး။ သူအတွက်တော့ ဒီအိမ်လေးက စိတ်ထွက်ပေါက်ဖြစ်ခဲ့တယ်။

sehun : " ဟယ်လို ရှာတွေ့ပြီလား"

Man: " အကိုလေး KS ရဲ့ကားက  မြို့ပြင်ထွက်သွားတယ်လို့ ပြောပါတယ်။ CCTV မရှိလို့ကျန်တာ မသိရပါဘူး "

sehun : " Ok....မြို့ပြင်မှာစောင့်နေ ငါလာခဲ့မယ်။ ဟယ်လို minsoek hyun  ။ KS hyun ပျောက်သွားလို့။ မြို့ပြင်ထွက်သွားတယ်လို့ပြောတယ် "

Minsoek : " စိတ်အေးအေးထား hunnni ။ ရှာတွေ့မှာပါ။ မြို့ပြင်ထွက်သွားတာမလား"

Sehun : " ဟုတ်တယ် hyun ။ "

Minsoek : " သူသွားစရာတစ်နေဘဲရှိတယ် ။ hyun လိပ်စာ ပို့ပေးလိုက်မယ်။ hyun လည်းလိုက်ခဲ့မယ် ။ အဲ့မှာပဲ စောင့်နေ။"

Sehun : " ဟုတ်ကဲ့ hyun "

sehun : "  Kyung soo hyun ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး အဲ့မှာပဲရှိနေပေးပါ။ နောက်တစ်ခါ ထပ်ပျောက်သွားလို့မရဘူးနော် hyun ။ "

sehun ရေရွတ်ရင်း minsoek ပို့ပေးလိုက်တဲ့ လိပ်စာအတိုင်းရောက်လာခဲ့တယ်။

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now