Ch-10

647 88 30
                                    

Unicode

မြူးကြွတဲ့ တီးလုံးသံတွေနဲ့ အရောင်သွေးစုံစွာ လှုပ်ရှားမှုတွေနဲ့ ညက ဆူညံလှပစွာ အသက်ဝင်နေလေရဲ့။ sehun က Ks ကိုပါ ph ဆက်​ခေါ်ထားတာကြောင့် baek နဲ့ Chen ပါ ပါလာကာ အဖွဲ့ကပိုလို့တောင် ဆူညံသွားလေရဲ့။bar ထဲမှာ Ks အပြင် ခပ်ခပ်ချောချောကောင်းလေ 6 ယောက်ပါ ပါလာတာကြောင့်ချက်ချင်းကို လူတွေပြည့်သွားလေရဲ့။ သူတို့ 7 ယောက်ကလည်းခဏလေးမှာပဲ တကယ့်ကို ငယ်သူငယ်ချင်းအလား ပေါင်းမိသွားတာ။ စကားတွေပြောပြီး သောက်ကြစားကြနဲ့ တကယ့်ကို ပျော်စရာကောင်းတယ်။ နောက်ပြီး sehun က အက တော်တော့ dance floor မှာ သွားကတော့ bar မှာရှိတဲ့ မိန်းကလေးတော်တော်များများက sehun ဆီမှာသာ။ beak ကတော့ Sehun ကတာကြည့်ပြီး ပါးစပ်တောင် မပိတ်နိုင်။ မိန်းကလေးတွေအကုန်ကြည့်နေကြတော့ Jelly တွေ နင်နေလေရဲ့။ Chen က အစဖော်ကာ baek ကို စ တော့သည်။

Chen : " တော်ရုံကြည့် ငဘတ် မျက်လုံးလည်း ကျွတ်ကျတော့မယ်"

Beak က မျက်စောင်းထိုးကာ

Beak : " ငါ့မျက်လုံးနဲ့ ငါကြည့်တာ မင်းမျက်လုံး ငှားကြည့်လို့လား ။ "

Ks :" မ​င်းကလည်း သွားပြောနေ ။ ဟိုမှာဖြစ်နေတာလည်းကြည့်အုံး။ ဟ..ဟ..ဟ "

Tao : " ဘီလူးသံပုရာသီး ကိုက်ထားတဲ့ရုပ်ဖြစ်နေပြီ ။ "

Tao စကားအဆုံး ရယ်လိုက်ကြတာဆိုတာ အနေအေးတဲ့ minsoek တောင် အရယ်မရပ်နိုင်။ Beak က တော့ မျက်နှာကြီးရဲကာ

Beak : " ဟေ့ယျောင့်တွေ မင်းတို့တော်တော့နော် ။ ဘာမှာ အဲ့လို့ဖြစ်လို့လဲ "

ရှက်ရမ်းရမ်းကာပြောလေတော့သည်။ သူတို့ကတော့ကတော့ အရီမရပ်သေး။ Beak က

Beak : " ဟေ့ယျောင့်တွေ တော်တော့ဆိုကွာ ။ "

ဟု စိတ်ဆိုးသံနဲ့ ပြောမှာအရီရပ်ကြတော့တယ်။ အဲ့ဒီအချိန် sehun ရောက်လာတော့ Beak မျက်နှာရဲနေတာကိုမြင်ကာ

sehun : " ဘာဖြစ်တာလဲ hyun မျက်နှာကနီရဲနေတာ နေမကောင်းဘူးလား"

Ks တို့မျက်နှာက ပြုံးပြုံးစစတွေဖြစ်လာကာ နောက်ထက်စတော့မယ့် လက္ခဏာပေါ်လာတာကြောင့် နဂိုကတည်းက ရဲနေတဲ့မျက်နှာကပိုရဲလာကာ

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now