Ch-36

442 59 2
                                    

Uni

Chan Kai တို့ပြန်လာတဲ့လမ်းတစ်လျှောက် သူတို့ပြောတာတွေကိုတွေးနေမိတယ်။ သူ KS ကို တကယ်အဆုံးရှုံးခံနိုင်လားဆိုတာ သူကိုယ်တိုင်မသေချာပေမဲ့ KS ကို ဆုံးရှုံးရမယ်လို့ တွေးလိုက်ရင် ရင်ဘတ်တစ်ခုလုံး တစ်ခုခုက ထိုးစွနေသလို နာကျင်တယ်။ KS က အခုသူကို သတ္တိမရှိတဲ့သူလို့ ထင်ချင်ထင်နေမှာ။ မဟုတ်ဘူး ထင်နေတာပါ။ ပြိုင်ပွဲကို သူကိုယ်တိုင် စိန်ခေါ်ခဲ့ပေမဲ့ အဆုံးသတ်မှာ သူကိုယ်တိုင်မသွားနိုင်ခဲ့ဘူး။ တကယ်တော့ KS ဆီ ph ဆက်မဲ့ညမှာပဲ ဖေဖေက ရုတ်တရက် မူးလဲသွားလို့ ဆေးရုံကိုအပြေးအလွှားသွားခဲ့ရတယ်။ ဟိုရောက်တော့ ဆရာဝန်က ဖေဖေ က စိတ်ဖိစီးမှုတွေများနေတာကြောင့် မူးလဲသွားတာတဲ့။ ဖေဖေ ကုမ္ပဏီ ကဘာတွေဖြစ်နေလဲ သူတကယ်မသိပါ။ ဖေဖေ က ပြသာနာတွေကို ဘယ်သူ့ကိုမှမပြောဘဲ ဖြေရှင်းတက်တာကြောင့် သူဘာမှမသိခဲ့ခြင်း။ အခု ဆရာဝန်က ဘာမှမလုပ်ဘဲ အနားယူရမယ် ဆိုလာတာကြောင့် ဖေဖေ အလုပ်တွေက သူ့အလိုလို သူ့ခေါင်းပေါ်သို့ ရောက်လာခဲ့တယ်။ ဖေဖေ့ ကျန်းမာရေးက ဘာမှလုပ်လို့မရတော့တာကြောင့် ကုမ္ပဏီ ကို သူပဲဦးစီးရတော့မယ်။ ဒါပေမဲ့ သူအနေနဲ့ လုပ်ငန်းတွေက အစိမ်းသပ်သပ် ဖြစ်နေတာကြောင့် လေ့လာစရာတွေများခဲ့တယ်။ KS.... သူ KS ကိုတော့မသိစေချင်ပါ။အဲ့တာကြောင့် သူမေမေကို လိမ်ခိုင်းလိုက်တာပါ။ ပြီးတော့ ကျန်တဲ့သူငယ်ချင်း တွေကိုလည်း မသိစေချင်ပါ။ ပြောလိုက်ရင် သူတို့ရဲ့ အကူအညီ က သူ့ကိုအနေခက်စေတာကြောင့် သူ မပြောချင်ပါ။ ပြီးတော့ ဖေဖေ အိပ်ရာထဲလဲနေတဲ့အကြောင်းက လူသိခံလို့မဖြစ်ပါ။ ရှယ်ယာရှင်တွေကိုပဲ အသိပေးကာ သူကိုယ်တိုင် ပြသာနာတွေကို ဖြေရှင်းပေးမယ် လို့အာမခံ ခဲ့ရတယ်။ ကုမ္ပဏီက ဖေဖေရဲ့ လူယုံက ဖေဖေ့ကိုသစ္စာဖောက်ကာ ပြိုင်ဘက် ကုမ္ပဏီကို ကုမ္ပဏီရဲ့လျှို့ဝှက်ချက်တွေကိုပြောခဲ့တာကြောင့် အခုချိန်မှာ ကုမ္ပဏီက ပြိုလုလု။ သူရဲ့နှလုံသားရေးရာထက် သူရဲ့ကုမ္ပဏီ ကို ကယ်တင်ဖို့ကြိုးစားခဲ့ရတယ်။ သူ့လို ဘွဲ့တောင်မရသေးတဲ့ လူငယ်တစ်ယောက်ကိုလူတွေယုံကြည်လာအောင်ကြိုးစားခဲ့ရတယ်။ သူ့ရဲ့အစ်ကိုဝမ်းကွဲရဲ့ကူညီမှုကြောင့် သူဒီနေ့မှာ ရှယ်ယာရှင်တွေရဲ့ ယုံကြည်မှုတင်မက ဘဲ သူရဲ့ကိုယ်ပိုင်လုပ်ငန်းတွေကိုပါ ထူထောင်နိုင်ခဲ့တယ်။ သူသိတာပေါ့ သူမရှိတဲ့အချိန်တွေမှာ KS သူ့ကို့လိုက်ရှာနေခဲ့တယ်ဆိုတာ။ အကုန်လုံးကလည်း သူ့ဆီ ph ဆက်ခဲ့ကြပေမဲ့  ph အသစ်လဲကာ ကိုင်ခဲ့တာကြောင့် အရင်တုန်းက ph ဟောင်းလေးမှာ missed call တွေနဲ့ပြည့်နေမှာပါ။ သူ့အတွက် ph ကိုင်ဖို့တောင် အချိန်မရှိခဲ့တာတော့ သူတို့သိကြပါ့မလား ။ နောက်တော့ Kai သူဆီကို ရောက်လာခဲ့တယ်။ သူ့ကို မပြောရကောင်းလားဆိုပြီးအပြစ်တင်နေသေးတာ ။ အကုန်လုံးကို သိပြီးတဲ့ Kai က KS ကိုပြောဖို့သွားခဲ့ပေမဲ့ KS ဆီက အမုန်းစကားတွေကသူ့ကို မေ့အောင်ကြိုးစားဖို့ဖြစ်လာခဲ့တယ်။ မမေ့နိုင်ပေမဲ့ပေါ့။ Kai KS ဆီသွားတုန်းက Chan ဆီ ph ခေါ်ထားတယ်ဆိုတာ KS သာသိမယ်ဆိုရင်။ အခုချိန်က သူတို့အတွက် လူတစ်ယောက်ကို မေ့ဖို့လုံလောက်နေပေမဲ့ မမေ့နိုင်သေးတဲ့သူကတော့ KS ရဲ့ ရည်းစားထားတော့မယ်ဆိုတဲ့စကားမှာ အလူးအလဲခံစားရအုံးမယ်။ KS သူ့ကို မေ့နိုင်သွားပြီလားဆိုတာ ​မေးလို့ရရင်မေးကြည့်ချင်တယ်။ သူ့ရင်ထဲမှာ Chanyeol ဆိုတဲ့သူ မရှိတော့ဘူးလား။ သူ့ရဲ့စကားတစ်ခွန်းကိုမှမငြင်းဆန်တက်တဲ့ သူ၊ သူ​ဝမ်းနည်းနေချိန်မှာ နားခိုရာဖြစ်ခဲ့တဲ့ သူ့ကိုမေ့နိုင်သွားပြီလားလို့.......

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now