Ch-22

537 71 14
                                    

Uni

Kaiတို့အတန်းဆင်းတော့ canteen မှာထိုင်နေပြီးစကားပြောနေကြတယ်။ Chan ကိုတော့ဖမ်းမမိလိုက်။ဘယ်တုန်းကထွက်သွားမှန်းတောင်မသိလိုက်။

Kai : " ဟျောင့်တွေ yeolli ဘာဖြစ်နေလဲသိလား "

Kris : " မင်းတောင်သိလို့လား "

lay : " ငါတို့နဲ့တောင် စကားသိပ်မပြောဖြစ်တော့သလိုဘဲ ။ အခုလည်း ph ဆက်တော့ အိမ်ပြန်သွားပြီတဲ့။ အဲ့ကောင် ဘာဖြစ်နေမှန်းကို မသိဘူး"

Kai : " KS အကြောင်းတောင် စိတ်ဝင်စားဟန်မပြဘူး။"

Kris : " နေပါအုံး ။ xing မင်းက ဘယ်လိုလုပ်ပြီး KS အကြောင်းတွေ သိနေရတာလဲ ။ Chan ပြောသလိုဘဲ။ ဘယ်သူမှမသိခင် မင်းအရင်သိနေတာ"

Lay : " သိဆို ငါ့အကိုရဲ့သူငယ်ချင်းက KS အိမ်မှာ အိမ်တော်ထိန်းထက်တောင် ရာထူးကြီးသေးတယ်လေ။ ပြောရမယ်ဆို အမွေထိန်း လို့ပြောရမလားဘဲ ။ KS ရဲ့ ပိုင်ဆိုင်မှုတွေအကုန်လုံးက သူ့လက်ထဲမှာလေ။ KS ရဲ့ အသွားအလာ ကျန်းမာရေးကအစ သူမသိတာမရှိဘူး။ ငါ့အကို ကိုပြောပြတာလေး တစ်စွန်းတစ်စကြားလာတာ။ ပြီးတော့ Junလေးနဲ့သူ့သူငယ်ချင်းတွေပြောတာကြားလာတာ"

Kai&kris : " ဘာ !!!! Junလေး။ "

Kai : " ဘယ်က jun လေးလဲ "

Kris : " မင်းရည်းစားလား "

Lay : " ရည်စားတော့မဟုတ်ဘူး။ ငါ Jun လေးကိုလိုက်နေတာ ။ "

Kai : " ဘယ်ကလဲ ။ ငါတို့ကျောင်းကဘဲလား"

lay : " omm။ ဟုတ်တယ်။ ငါသူ့ကိုမြင်မြင်ချင်း စိတ်ဝင်စားသွာတာ။ ငါ့ရဲ့ယုန်ပေါက်လေး"

Kai & Kris : " ဝေါ့.....ရူးချက်"

Lay : " ဘာဖြစ်လဲရူးတာ။ မနာလိုဖြစ်မနေစမ်းပါနဲ့"

Kris : " ငါတို့သိလား သူ့ကို "

Lay : " သိတယ်လေ ။ ငါတို့စတွေ့တုန်းတာ Chan အကိုလာတုန်းက KS တို့နဲ့ပြသာနာဖြစ်တုန်းကလေ။ ပန်ဒါမျက်လုံးနဲ့ ကောင်လေးနောက်ကကောင်လေး။အဲ့ကတည်းက စိတ်ဝင်စားသွားပြီးနောက်နေ့သူ့အကြောင်းစုံစမ်းပြီးလိုက်တော့တာ"

Kai : " အတိအကျကိုနော် ။ "

Lay : " ဘာဖြစ်လဲ ။ မင်းတို့ဘာသာ မစွံရင် မစွံဘူးပေါ့"

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now