Ch-34(အဆက်)

438 56 2
                                    

Uni


Minseok သူ့ရှေ့မှာထိုင်နေတဲ့ sehun ကိုကြည့်ကာ ပင့်သက်ရှိုက်မိတယ်။

Minseok : " Sehun ah ဒီမှာ hyun ပေးသွားတာ ။ "

Sehun မယုံနိုင်တဲ့မျက်လုံးတွေနဲ့

Sehun : " တ တကယ် hyun ပေးသွားတာလား ။ "

Minseok ခေါင်းငြိမ့်ပြလိုက်တော့

Sehun စာကို ချက်ချင်းဖွင့်ဖက်လိုက်တယ်။

💌
       Hunလေး ကိုကို့ ရဲ့ကြက်ပေါက်လေး🐥🐥  ကိုကို ထွက်သွားရလို့ ဝမ်းနည်းမနေနဲ့နော်။ ကိုကို တို့နီးစပ်ဖို့အတွက် ခဏတာ ဝေးရတယ်လို့တွေးပေးပါ။ ကိုကိုမရှိလည်း ကျန်းမာရေး ဂရုစိုက်နော်။ ကိုကိုမရှိလို့ ကျန်တဲ့ hyun တွေအပေါ်မဆိုးနဲ့နော်။ ကိုကို အမြန်ဆုံးပြန်လာခဲ့ပါ့မယ်။ ကိုကို့ ကြက်ပေါက်လေး ကိုကို့ ကိုစောင့်နေမယ်မလား။ ရေးစရာတွေများလို့ ကိုကို ဘာရေးရမလဲ မသိတော့ဘူး။ ဒါပေမဲ့ ကိုကို့ စိတ်ကို hun လေးဖတ်တက်မယ်လို့ ကိုကို ယုံကြည်တယ်။ ပြန်တွေ့ကြမယ် Hunလေး..........
                ကြက်ပေါက်လေးရဲ့ကိုကို

Sehun(pov) : ' ကျိန်းသေ ပြန်လာခဲ့ပေး ကိုကို။ ကျွန်တော် စောင့်နေမှာမို့။ ကျွန်တော် ကိုကိုထားခဲ့တဲ့နေရာကနေ စောင့်နေမှာမို့ ကျိန်းသေပြန်လာပေးပါ။ '

နောက်တော့ Suho ကအရင်သွားနှင့်မယ် ဟုဆိုလာတော့ ဘယ်သူမှမတားဖြစ်။ sehun ကလည်း အတန်းမတက်တော့ဘူး ဆိုကာ ထထွက်သွားတယ်။ Chen နဲ့ KS ကအတန်းတက်မည်ဟုဆိုကာ ထွက်သွားသလို၊ Minseok လည်း သူ့အတန်းဆီကို တစ်ယောက်ထဲ ထွက်သွားခဲ့တယ်။ Chen က လိုက်ပို့ချင်ပေမဲ့ လက်မခံဘဲ တစ်ယောက်ထဲ ထွက်သွားတဲ့ Minseok ရဲ့နောက်ကျောက ဝမ်းနည်းနေသယောင်၊ ဟုတ်တာပေါ့ အရင်တုန်းကအတန်းထဲကို ၄ ယောက် သွားခဲ့ပေမဲ့ အချိန်မှာ သူတို့ထိုင်နေကျ ထိုင်ခုံတွေက ပြောင်ပြနေသလို။ Chan က အတန်းသွားတက်ပေမဲ့ Kai ကတော့ နေရာနေမထသေး။ Chan အတွက်အတန်းထဲမှာစာသင်ရတာနဲနဲမှအဆင်မပြေ။ အရင်တုန်းကလို အနားကနေ စနောက်မဲ့သူတွေမှမရှိတော့ဘဲ။ KS နဲ့ Chen လည်း အဆင်မပြေပါ။ တစ်ခုခုလိုနေသလို အရင်တုန်းက ဆူညံနေတက်တဲ့သူက အနားမှာမှမရှိတော့တာ။ သေချာတာကတော့ တစ်ယောက်တစ်နေရာ စီရောက်နေပေမဲ့ အရင်တုန်းက အမှတ်တရတွေကို တွေးနေမယ်ဆိုတာကတော့ အသေအချာပါဘဲ။

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now