Ch-38

485 63 19
                                    

uni

ည ၁၀ နာရီ

Club ထဲမှာရှိတဲ့လူတွေကတော့ ရောင်စုံမီးရောင်အောက်မှာ ကနေကြသလို သူတို့ရဲ့ညအချိန်ကို ကောင်းမွန်လှပစွာဖန်တီးနေကြလေရဲ့။ အဲ့အထဲမှာ Kai တို့အဖွဲ့ကတော့ဆူညံစွာ။
ဆူညံနေတဲ့အကြောင်းကတော့။ KrisTao , yixing suho နဲ့ luhan hyun တို့ပြန်ရောက်လာတာကြောင့်။Chen ကတော့ ဒေါသထွက်နေပါတယ်။ ထွက်သွားတော့လည်း မသိလိုက် ၊ ပြန်လာတော့လည်း မသိ။ သူတို့နှစ်ယောက်က ဘုမသိဘမသိ ခံလိုက်ရတာ။ သူတို့နှစ်ယောက်ကတော့ သနားနေလိုက်ရတာ အကူအညီမပေးနိုင်လို့ ။ အခုတော့မျက်နှာတွေက ပိတ်ရိုက်ချင်စရာကောင်းစွာ။

Chen : " နောက်တစ်ခါ မင်းတို့ဘာသာ ဘာဖြစ်ဖြစ်လှည့်ကိုမကြည့်ဘူး။ အစုတ်ပလုတ်ကောင်တွေ။ ငါတို့နှစ်ယောက် တွဲသွားတွဲလာလုပ်နေရင် ပိုပြီးခံစားနေရပါလိမ့်ဆိုပြီး အနေထိုင်ဆင်ခြင်နေခဲ့ရတာ။ ဟွန့်"

Tao : " Dae ကလည်း "

Chen : " ဘာ dae လည်း မခေါ်ဘူး ။ မင်းတို့ကို စကားလာမပြောနဲ့ "

Suho : " မင်းကလည်း တကယ်ငါတို့ အဆက်သွယ်မရခဲ့ဘူး။ ဒီကိုပြန်လာခါနီး 2 ရက်အလိုကျမှ ငါသူနဲ့အဆက်သွယ်ရတာပါကွာ။ "

Tao : " ဟုတ်တယ် ငါဆို Baek နဲ့ ဒီကိုပြန်လာမယ်လုပ်မှ အိမ်က ခွင့်ပြုပေးလိုက်လို့ချက်ချင်းသွားတွေ့တာပါကွာ။ "

Kris&Lay : " ဟုတ်တယ် သူတို့ပြောသလိုပဲ "

Kai&baek : " မောသွားအုံးမယ် "

sehun : " ရေသောက်မလား "

Kris : " ငယ်လေးမစနဲ့ "

Chen : " အခုမှအသံထွက်လာတာ။ တွေ့ဖို့ခေါ်လိုက်တိုင်း မျက်နှာက တစ်မျိူး။ အခုကျတော့ "

Sehun : " ကျွန်တော့မှာ hyun ရှိနေပြီလေ 😁"

Minseok : " ပြောင်စပ်စပ်နဲ့ ကောင်စုတ်လေး။ "

Sehun : " minseok hyun ကလည်း ကျွန်တော်အခုမှ အဆင်ပြေသွားတာ။ မဟုတ်ရင် ကျွန်တော်ရင်ဘက်ကလည် တစ်ယောက်ယောက်က စွဲညစ်ထားတဲ့အတိုင်း တင်းကျပ်နေတာ။ အခုတောင်အိမ်မက်လို့ထင်တုန်း "

Luhan : " hun လေးကလည်း အိမ်မက်မဟုတ်ပါကွာ "

Sehun : " ကျွန်တော်သိပါတယ်။ မယုံရဲသေးတာ။ မဖြစ်သေးဘူး မနက်ဖြန်ကျ ဒယ်ဒီကို စာချုပ်ချုပ်ခိုင်းရမယ် ။ "

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now