Ch-34

462 57 1
                                    

Uni



KS တို့ Japan မှာ Japan မှာ 3 ရက်လောက်နေပြီးတော့ ပြန်လာခဲ့ကြတယ်။ ပြန်လာပြီးနောက်နေ့မှာပဲ မထင်မှတ်ထားတဲ့ ကံတရားက သူတို့ကို နောက်ပြောင်ကျီစယ်နေသလို။ Luhan တို့အိမ်က sehun တို့အကြောင်းသိသွားပြီး ချက်ချင်းနိုင်ငံခြားကို ပြန်ပို့ခဲ့တယ်။ sehun ကိုတော့ ကျောင်းဆက်တက်ခိုင်းပြီးတစ်ယောက်ထဲ သွားခွင့်မရှိတော့။ နောက်မှ လူတစ်ယောက်တော့ အနည်းဆုံးပါကာ စောင့်ကြည့်ခံနေရတယ်။ ထို့အတူပဲ Kris နဲ့ Lay ကိုလည်း သူတို့အိမ်က ပြန်ခေါ်ကာ အဲ့မှာပဲ ကျောင်းဆက်တက်စေခဲ့တယ်။ Tao ကိုတော့ သူတို့အိမ်က တရုတ်ကို ပို့ကာ ကျောင်းတက်စေခဲ့တယ်။ Suho က တော့ ရန်ကုန်မှာပဲကျောင်စဆက်တက်ကာ yixing နဲ့မဆက်သွယ်ရကတိကို ပေးခဲ့ရတယ်။ Baek ကလည်း သူလည်း တရုတ်မှာပဲ ကျောင်းဆက်တက်မယ်ဆိုကာ Tao နဲ့အတူ ထွက်သွားခဲ့တယ်။ တစ်မနက်အတွင်း ဖြစ်ပျက်သွားတာကို KS လုံးဝလိုက်မမှီခဲ့။ ကျောင်းမှာ ကျန်ခဲ့တာဆိုလို့ Chen ၊Minseok ၊ Sehun ၊ Suho ၊ သူ နဲ့ Chan ပြီးတော့ Kai ။ KS ကျောင်းရောက်တော့ သူတို့ထိုင်နေကျနေရာကိုထွက်လာခဲ့လိုက်တယ်။ သူရောက်တော့ Chen ၊ Minseok ၊ Sehun နဲ့ suho က စကားမပြောဘဲ ထိုင်နေကြတယ်။

KS : " Chen ဘယ်လိုဖြစ်သွားတာလဲ ငါဘာမှနားမလည်တော့ဘူး "

Chen : " ငါတို့ Japan မှာလည်တုန်းက ပုံတွေက ငါတို့မိဘဆီရောက်ကုန်တာ ။ "

KS : " သဘောမတူဘူး ဆိုတဲ့သဘောလား "

Chen : " သဘောမတူလို့ခွဲတာပေါ့ကွ ။ အခုဟာက ဘာမှဆက်လုပ်လို့မရအောင် လမ်းဆုံးနေပြီ ။ "

KS : " ဟူး........ ဒါဆို မင်းနဲ့ minseok ကရော မင်းတို့အိမ်က သဘောတူတယ်လား "

Minseok : " သဘောမတူရင် ဒီမှာအတူတူထိုင်နေမှာမဟုတ်ဘူး "

KS အပါအဝင် ငြိမ်နေတဲ့ sehun နဲ့ suho က လှည့်ကြည့်လာကြတယ်။
ဟုတ်ပါတယ် အတွဲတွေအကုန်လုံးထဲမှာ သူတို့အတွဲကိုက ကံကောင်းစွာ အိမ်က သဘောတူပေးခဲ့တာ။

Minseok : " omm အကိုနဲ့ ညီမလေးကို ကျေးဇူးတင်ရမယ်။ အစက သိသိချင်း England ပို့မယ်လုပ်နေတာ ။ အကိုနဲ့ညီမလေးက ငါ့ဘက်ကပါပေးတယ်လေ။ သူတို့နှစ်ယောက်ရှိတဲ့အတွက် ငါ့ကို ခွင့်ပြုပေးတဲ့လေ ။ ဘွားကလည်း ငါ့မြေးစိတ်ချမ်းသာရင်ပြီးရောတဲ့။ မေမေက ဒီမနက်ကျောင်းလာတုန်းတောင် အကိုနဲ့ညီမလေးကြောင့် သားကိုခွင့်ပြုပေးခဲ့တာတဲ့။ ဒါပေမဲ့နှစ်ယောက်လုံးကျောင်းပြီးမှတရားဝင်တွဲတဲ့ ။ ကျောင်းမပြီးခင် အနေထိုင်ဆင်ခြင်တဲ့။ "

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now