Ch-14

530 75 11
                                    

Unicode

ည ၁၁ နာရီလောက်မှာ KS ဆီက ph ဝင်လာတယ်။

Ks : " Chan..."

မလိုအပ်ပဲ ချိုလွန်းနေတဲ့ KS အသံ ကြောင့် သူပြုံးမိတယ်။သူကြိုးစားစရာမလိုအောင် KS ရဲ့နဂိုအသံက ဆွဲဆောင်မှုရှိပြီးသားပါ။

Ks : " အိပ်နေပြီလား"

Chan : " မအိပ်သေးပါဘူးဗျာ။ ကောင်လေးတစ်ယောက်အကြောင်းတွေးနေတာ"

Ks : "ဘယ်က ကောင်လေးလဲ"

Chan : " ကိုယ့်စိတ်ကူးထဲက ကောင်လေးတစ်ယောက်အကြောင်းပေါ့။ သီချင်းနားထောင်တော့မလား soo"

KS : " အင်း "

Chan : " ကိုယ့်သီချင်းကို ဆုံးအောင်နားထောင်ပေးနော်"

🎼🎤(အချစ်ဆိုတာဟာကောင်းကင်က ငှက်တစ်ကောင်လိုပဲ.......
ဘဝဆိုတာဟာဖြတ်သန်းမှအဓိပ္ပါယ် ရှိတယ်............
တစ်ချိန်လုံးဖြတ်သန်းလာခဲ့ရတဲ့အမောတွေကို...........
ချွေးသိပ်ဖို့နားခိုရမဲ့ချစ်သစ်ပင်ကို...........
ဦးခိုက်ရင်း လေဟုန်ဖြင့် အရှိန်ကိုထိုးခွင်းလာရင်းနဲ့........
တောင်ပံခတ်သံအချက်တိုင်းမှာ....
ချစ်တယ် ချစ်တယ်ဆိုတဲ့ရိုက်ချက်များ.........
ရွှေနားတော်ပါးဆီ ပဲ့တင်မြည်ဟီးလို့ ချစ်တယ် အရမ်းပဲချစ်နေပြီ)၂
ချစ်တယ် အရမ်းပဲ.....ချစ်နေပြီ........

Ks : " ကဲ soo ဆုံးအောင်နားထောင်ပေးတယ်နော်"

Chan : " ဟုတ်ပါပြီဗျာ "

KS : " Soo တို့မနက်ဖြန် Zephyr ဆုံကြမလား။ အေးအေးဆေးဆေး စကားပြောကြတာပေါ့"

Chan : " Sooလာမှာသေချာလို့လား"

KS : " omm မနက်ဖြန် ၁၀ နာရီလောက် dim sum စားရင်း ဆုံကြမယ်လေ"

Chan : " ကောင်းပြီလေ ကိုယ်လည်းပြောစရာရှိတယ် "

KS : " အဲ့တာဆို ph ချလိုက်တော့မယ်"

Chan : " ခနလေး soo"

သူတစ်ခုခု ပြောမယ်ထင်ပြီး KS စောင့် နေပေမဲ့ ဘာသံမှမကြာလာတာမို့

KS : " Chan ဘာပြောမလို့လဲ ​"

Chan : " ပြောဖို့မဟုတ်ပါဘူး။
တစ်ခုခုလှမ်းပေးလိုက်တာ ။"

KS : " ကြည့်စမ်း .....တောက်"

KS ဒေါသသံနဲ့အတူ ph ချသွားတာကြောင့်သူပြုံးမိတယ်။ သူ ph ကိုနမ်းပစ်မိလိုက်တာပါ။ ရိုးသားမှုမပါပေမဲ့ အဲ့ဒီခဏလေးမှာ ဘယ်လိုသာယာမိန်းမူးသွားလိုက်မှန်းမသိ။တစ်ခါတစ်လေမှာ ကိုယ့်လက်နက်နဲ့ကို ပြန်ထိမှန်တက်တယ်ဆိုတာကို သူ သတိကြီးစွာထားရမဲ့ ပထမဆုံး သင်ခန်းစာ ရလိုက်တဲ့ အဖြစ်ဆိုပါတော့........

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now