Ch-19(အဆက်)

517 73 23
                                    

Unicode

minsoek : " hun လေး , Kyung လေး ထကြတော့။  ကြည့်ပါအုံး ။ မှောင်တောင်မှောင်နေပြီ ။ အခုထိမထကြသေးဘူး"

ပြောလည်းပြော အောက်ကျနေတဲ့စောင်တွေလိုက်သိမ်းနေတဲ့ minsoek ။ Sehun လေးလည်း ပင်ပန်းပြီး သူ့ hyun နားမှာ အိပ်ပျော်နေတာလေ။ ငယ်ငယ်ကအတိုင်း စောင်တွေကို ကန်ချတဲ့အကျင့်က အခုထိမပျောက်သေးဘူး။ တကယ့်နှစ်ယောက်သူများတွေရှေ့ကျ မျက်နှာကြီးတွေတည်ပြီး သူ့ရှေ့ကျ ကလေးသာသာတွေပါ။ minsoek သူတို့ အိပ်နေတုန်း သူတို့အတွက် surprise တိုက်ဖို့တောင် စီစဥ်ပြီးပြီ သူတို့က အခုထိမထကြသေး။ နိုးနေတာ အင်း အဲ လုပ်ပြီး မထကြသေး ။

Minsoek : " ကဲ မထကြသေးဘူးလား။ မင်းတို့အတွက်ပြင်ထားတွေ တစ်ယောက်ထဲ စားပစ်မှာနော် "

အစားနဲ့နှစ်ခါခေါ်စရာတောင်မလိုတဲ့ဟာတွေ ။ ထလာကြတာ ငေါက်ခနဲ။

Sehun : " ဟီး hyun က လည်းစိတ်ကြီးဘဲ ။ ထပြီ ထပြီ "

KS : " ဝှါးးး အိပ်ရေးတောင် မဝသေးဘူး ။ အိပ်ချင်သေးတယ် "

Minsoek : " ထဆိုအခုထ အိပ်နေတာ ဘယ်အချိန်ကတည်းလဲ ။ သွား ရေမိုးချိုးပြီး ဆင်းလာခဲ့ကြ"

Sehun : " hyun ကလေ တကယ်ဘဲ "

ဟုဆိုကာ ဆောင့်အောင့်ဝင်သွားတဲ့ sehun နဲ့ ကုတင်ပေါ်မှာ ငိုက်နေတဲ့ KS ကြောင့် ခေါင်းသာရမ်းမိတော့တယ်။

ဂွပ်.....

KS : " အား.........သေပါပြီ ။ "

ဘာလုပ်လိုက်တယ် ထင်လဲ ။ ဟုတ်ပါတယ်။ minsoek က KS ကို ခေါင်းခေါက်လိုက်တာပါ။ အဲ့လိုမှ မနိုးရင် ထ မဲ့ပုံမပေါ်ဘူး။

Minsoek : " သေပြီလား။ ငါကမသေသေးဘူးထင်နေတာ ။ အခုလို အသံနဲ့အောင်နေလို့လေ။ Chen ရဲ့ သူငယ်ချင်း ပီသပါပေတယ်။ "

KS : " ဟွန့် ခေါင်းခေါက်လို့အော်တဲ့ဟာကို။ ဘာမှလည်းမဆိုင်ဘဲနဲ့ သူ့လင် Chen အကြောင်း လာပြောနေတယ်"

Minsoek : " ငါအကုန်ကြားတယ်နော် Kyung လေး။ မထသေးဘူးလား။ ထပ်ခေါက်ခံချင်သေးတာလား"

ထပြီထပြီ ဟုဆိုကာ ရေချိုးခန်းထဲဝင်သွားသော KS ။

Minsoek (pov) : ' ဟင်း........အခုလိုပဲ နေပေးပါ KS ။ အတိတ်တွေက မင်းတင်မဟုတ်ဘဲ ငါတို့အတွက်ပါ ခါးသီးလို့ပါ။ အရာအားလုံး ဘာမှမဖြစ်ခဲ့ဘူးလို့ တွေးပေးပါကွာ။ မင်းတို့ပျော်နေရင် ငါလည်းပျော်တာမို့'

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now