Ch 43

513 56 10
                                    

   

        အင်းလျား မနင်ခင်းက ခါတိုင်းလိုပဲ လမ်းလျှောက်သူတွေ လေ့ကျင့်ခန်းလုပ်တဲ့သူတွေနဲ့ စည်ကားသက်ဝင်နေခဲ့တယ်။ Chanyeol ကတော့ KS ရဲ့ ပါး နဲ့ လေပေးတွေဖြောင့်နေခဲ့တယ်။ ဆိုင်တစ်ဆိုင်မှာ အတူတူ ထိုင်ရင်း မနေ့က သူ ပြောခဲ့ တဲ့ Truth serum အကြောင်း  အန်ကယ်လ့် ကိုပြန်ရှင်းပြနေခဲ့တာ ။ အန်ကယ်လ်ကလည်း စိတ်ဝင်တစားနားထောင်နေခဲ့တာ ။ သူက အကွက်ဝင်လာတာနဲ့

Chan : " ကျွန်တော် အဲ့ဒီ Truth serum နဲ့တစ်ယောက်ယောက်ကို စမ်းသပ်ကြည့်ချင်တာ။ အန်ကယ်လ်ရ။ သူ့ရင်ထဲမှာ လျှို့ဝှက်ထိန်ချန်ထားတဲ့ အမှန်တရားတစ်ချို့ကို ကျွန်တော်တကယ်သိချင်တာဗျ။ "

KS'pa: " အေး အန်ကယ်လ်ရောပဲ မင်းရဲ့ Truth serum ကိုစိတ်ဝင်စားသားကွ။အန်ကယ်လ်လည်း စမ်းသပ်ကြည့်ချင်သား "

Chan : " ကျွန်တော်က Do Kyungsoo ကို စမ်းသပ်ကြည့်ချင်တာပါ အန်ကယ်လ် "

KS'pa : " ဟေ ဘယ်လို "

Chan : " ဟုတ်ကဲ့ အန်ကယ်လ် နားနဲ့မနာ ဖဝါးနဲ့မနာ နှလုံးသားနဲ့ပဲ နာပေးပါ အန်ကယ်လ် ။ ကျွန်တော်နဲ့ KS က ချစ်သူတွေဖြစ်ခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် အန်ကယ်လ့်ကို ရင်းရင်းနှီးနှီးသိနေခဲ့တာပါ။ "(ပြောချင်တာက Do Gp ရဲ့ပိုင်ရှင်အနေနဲ့မဟုတ်ဘဲ KS ရဲ့အဖေ အနေနဲ့ရင်းရင်းနှီးနှီးသိနေခဲ့တာလို့ပြောချင်တာပါ။ )

KS'pa : " ဟေ ဒါဆို မင်းက ငါ့ကိုလာပေါင်းတာသွေးရိုးသားရိုးမဟုတ်ဘူးပေါ့။ တောက်...... မင်းကွာ မင်းတို့လူငယ်ချင်းကိစ္စကို ငါ့ကိုလာပြောရသလား ။ ငါမျက်နှာဘယ်နားသွားထားရမလဲ "

KS ရဲ့ pa က နိုင်ငံခြားမှာ အနေများတာကြောင့် ဒီလိုကိစ္စတွေကို လက်ခံတယ်လည်းမဟုတ် လက်မခံတာလည်းမဟုတ်ပါဘူး။ဒါပေမဲ့ KS ဘာလုပ်လုပ်ခွင့်ပြုပေးမဲ့သူပင် ။ KS ရဲ့ မား မရှိတော့ကတည်းက KS လိုချင်တာမှန်သမျှ လက်ညိုးသာထိုးလိုက်ချက်ချင်းရောက်လာစေခဲ့တဲ့အထိပေါ့။ အဲ့တာတွေကို Chan က သိထားတာကြောင့်ပြောရဲတာပင်။

Chan : " စိတ်မဆိုးပါနဲ့ အန်ကယ်လ်၊ ကျွန်တော်က ရိုးရိုးသားသားနဲ့ပြောပြထားချင်လို့ပါ။ ကျွန်တော်တို့ချစ်သူဖြစ်ခဲ့ပြီးမှ သူက ကျွန်တော့်ကို အကြောင်းမရှိအကြောင်းရှာပြီး အဆင်ဖြတ်လိုက်တယ်။သူကျွန်တော့်ကို ချစ်တာ ကျွန်တော် သိတယ် အန်ကယ်လ် ။ ဒါပေမဲ့ သူကကျွန်တော့်ကို ညာနေတယ်။ ကျွန်တော့်ကို မချစ်ဘူးတဲ့  " ( ရေးရင်း KS မျက်နှာကိုတွေးရင်ရီချင်နေပြီ 😂)

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now