Ch-39

486 65 20
                                    

Uni

    KSအတွက်ရည်စားထားရတယ်ဆိုတာ လွယ်ကူတဲ့အရာမဟုတ်သလို အတော်စွန့်စားရတဲ့ အလုပ်တစ်ခုပါ။လူတစ်ယောက်က ကိုယ်နဲ့ရင်ဘက်ချင်းကာရန်ညီဖို့ဆိုတာက လွယ်တာမှတ်လို့။  KS သူ့ဘေးနားကို ချည်းကပ်လာတဲ့သူတွေကို အရင်ကလိုပညာပြန်မပေးဖြစ်ဘဲ အရေးတယူတုံ့ပြန်လာမိတယ်။ သူတို့ပြောတဲ့စကားတွေနားထောင်လာမိတယ်။ ကော်ဖီဆိုင်ထိုင်ကြည့်တယ်။ သူတို့ KS ကို ဘယ်လောက်ထိဆွဲဆောင်နိုင်မလဲလို့ အခွင့်ရေးပေးခဲ့တယ်။ ဒါပေမဲ့တစ်ယောက်မှ ရင်ထဲမတိုးတာအမှန်။ အဲ့တာက လမင်း ဆိုတဲ့ ကောင်မလေး ကိုမတွေ့ခင်အချိန်ထိပေါ့။ ကောင်မလေးက အပြစ်ကင်းပြီး ချစ်ဖို့ကောင်းတဲ့ကောင်မလေးပါ။ ပါးနဲ့အတူ Japan ကနေပါလာတာပါ။Japan မှာကျောင်းတက်နေတာပြီး ကျောင်းပိတ်လို့ မြန်မာနိုင်ငံပြန်လာတာတဲ့။ သူ့ကို KS ချစ်နေတာလား ဆိုတာ ကိုယ်တိုင်မသိပေမဲ့ ညီမလေးတစ်ယောက်လို ဂရုစိုက်နေမိတယ်။ လမင်းလေးက သူများတွေလိုမဟုတ်တာတော့ သေချာတယ်။ သူစိတ်ညစ်နေတဲ့အချိန်မျိုးဆို Chan လိုပဲ  နှစ်သိမ့်ပေးတက်တယ်။ တစ်ခါတစ်လေ Chan ပြောနေကျစကားတွေနဲ့သူ့ကိုချုပ်တက်သေးတာ။ Chan နဲ့တူလိုသဘောကျတယ်ထင်နေတာလား။ လုံးဝမဟုတ်ပါဘူး။ ဒီအတိုင်းလေး သူက အရမ်းချစ်ဖို့ကောင်းလို့ပါ။

                     xxxxxx

ဒီနေ့က Sunday ဆိုတော့ KS အိမ်မှာနေရင်းအလုပ်လုပ်နေတာပါ။ သူ့အတွက်တော့ ပိတ်ရက်ရောက်တိုင်း လမင်းနဲ့အပြင်ထွက်ရင်ထွက်မဟုတ်ရင် ကုမ္ပဏီအလုပ်တွေထိုင်လုပ်နေတာ။ အဲ့တာမှမဟုတ်ရင် တစ်နေကုန်စာထိုင်ကျက်နေတက်တာ။ ဒီနေ့တော့စာကျက်ဖို့စိတ်မပါတာနဲ့ ကုမ္ပဏီက အလုပ်တွေထိုင်လုပ်နေတာပါ။ လမင်းက ဒီနေ့မလာတော့ဘူး ပြောထားတော့ အိမ်မှာသူတစ်ယောက်ထဲ။ ဟိုကောင်တွေနဲ့က လမင်းနဲ့တွဲတော့မယ်လို့ ပြောပြီးကတည်းက မတွေ့ဖြစ်တော့တာ။ KS တွေးနေမိတယ် Baek သာရှိလို့ကတော့ သူပျင်းရမှာမဟုတ်ဘူးလို့လေ။ ပြန်လာပါတော့ Baek ရာ။ (အိမ်ထဲမှာနေပြီး ဘာမှမသိဘူး။ ဟိုကပြန်လာလို့ နင့်ကို ယောင်္ကျားပေးစားတော့မှာ။ )

လမင်း : " ကိုကို ရေ "

KS : " ဟင် လမင်း လား ။ မလာဘူးပြောပြီးတော့ "

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Onde histórias criam vida. Descubra agora