Ch-15

529 77 8
                                    

Unicode

ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ဆွဲဆောင်ဖြားယောင်းရင်း သူ့ညို့စက်ကွင်းမှာကိုယ်မမိအောင်ကြိုးစားရုန်းထွက်ရင်းနဲ့ ပွဲကတစ်နေ့တစ်ခြားလှသထက်လှလာပါတယ်။ KS က ည၁၁နာရီဆို သူ့ဆီphဆက်နေကျဓလေ့လေးကို အမြဲတမ်းပြုလုပ်လေ့ရှိတယ်။ KS ph ဆက်တိုင်း သီချင်းတစ်ပုဒ်နဲ့ချော့သိပ်ခိုင်းတယ်။ တစ်ခါတစ်ခါ ဝတ္ထုတွေဖတ်ပြခိုင်းတယ်။ ကဗျာတွေဖတ်ခိုင်းတယ်။ ပြီးတော့ အချစ်ဝတ္ထုတောင်ပါသေးတယ်။ သူဖတ်ပြတာကို နားထောင်ရတာ ဘယ်လို အရသာရှိမှန်းမသိ။ နားထောင်ရင်းတစ်ခါတစ်လေ KS အိပ်ပျော်သွား တက်တယ်။ Chan ဆီမှာချစ်စရာကောင်းတဲ့အချက်က KS ဘာခိုင်းခိုင်း မငြီးမငြူ လုပ်ပေးတက်တယ်။
အခုလည်း KS chan ဆီ ph ဆက်လိုက်တယ်။ တစ်ခုရှိတာက အရင်တုန်းကလို chan ရှေ့ရောက်ရင် ကိုယ့်ကိုယ်ကို soo လို့​မပြောတော့ဘူး။ chan ကိုသူငယ်ချင်းတစ်ယောက်လိုပဲ ပြောနေမိတာ။chan လည်းသတိထားမိလောက်ပေမဲ့ ထုတ်မပြော။

KS : " chan မနက်ဖြန် မနက်အစောကြီး ဘုရားသွားချင်လို့ လိုက်ပို့ပေးမလား"

Chan : " ပို့တာပေါ့ ဘယ်အချိန်လဲ"

KS : " မနက် ၅ နာရီလောက်"

Chan : " ကောင်းပြီလေ ၅ နာရီမထိုးခင် မင်းအိမ်ရှေ့ရောက်မယ်"

Ks နဲ့ ph ပြောပြီးတုန်းရှိသေးတယ် kai ဆီက ph ဝင်လာပြန်ရော

Chan : " ပြော သားကြီး"

KS : " လဒ အဆဲခံချင်နေပြီ အခုဘယ်မှာလဲ "(ဆဲပြီးနေပြီလေ🙃)

Chan : " အိမ်မှာလေ ငါ့အိမ်ငါမနေလို့ မင်းနှမအိမ်သွားနေရမှာလား"

Kai : " သွားရဲသွားကြည့်ပါလား ကန်ချမှာမင်းကို"

Chan : " 😂😂 ကဲတော်ပြီ ဘာကိစ္စလဲ ငါဆီ ph ဆက်တာ "

Kai : " KS နိုင်ငံခြားသွားတော့မဲ့ သတင်းတွေကြားနေတယ်။ သူမင်းကိုဘာမှမပြောဘူးလား"

Chan အံ့သြသွားတယ် ။ KS နဲ့သူစကားပြောနေပေမဲ့ သူ့ကိုဘာမှမပြော။

Chan : " ဟင့်အင်း သူငါ့ကိုမပြောဘူး"

Kai : " ဟုတ်လား ။ ငါမင်းသိမယ်ထင်ထားတာ။ "

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now