Ch-4

810 90 5
                                    

Unicode

Chan ဒုတိယ ခြေလှမ်းမစမီ KSနဲ့ မတွေ့မိအောင်ရှောင်နေခဲ့ပါတယ်။ KS ကတော့မှတ်မိပုံရတယ်။ Chanကိုမြင်တာနဲ့ မျက်ဝန်းတွေက လက်ခနဲဖြစ်သွားပြီး ခန္ဓာကိုယ် လေးပါတုန်သွားတက်တာ။ သူကတော့မသိယောင်ချင်ယောင်ဆောင်ပြီးရှောင်ထွက်ခဲ့တာ များပါတယ်။ အဲ့လိုရှောင်ထွက်လာရင် ကျန်ခဲ့‌တဲ့ KS ကသိကအောက်ဖြစ်ပြီး ဘယ်လောက်ခံရခက်နေမလဲ ဆိုတာတွေးရင်း Chanမျက်နှာအလိုလို မပြုံးဘဲမနေနိုင်ဘူး။ လူ့သဘာဝ ရှောင်နေလေ တွေ့ချင်လေ။ ပဟေဠိ ဆိုရင်လည်း အဖြေညှိ‌ချင်ကြတာ။

Chan ဒုတိယခြေလှမ်းအတွက် ပြင်ဆင်ပြီးသားပါ။ တိာက်ဆိုင်တာလား Chan ကံကောင်းလာတော့မသိဘူး သူ့ရှေ့မှာ KS က ကောင်လေးတစ်ယောက်နဲ့ရှိနေခဲ့တယ်။သေချာတာကတော့ KS နဲ့ စကားပြောခွင့်ရဖို့ အပေးအယူလုပ်နေတဲ့သဘောပါ။ Chan ကသူတို့အနားလျှောက်သွားတော့ကြားမိတာက ။

KS : " နှင်းဆီနက် အပွင့်တစ်ရာကို ယူလာခဲ့ပေး ။ ဆူးပါမှနော် မနက်ဖြန်......"

KS စကားမဆုံးသေဘူး။ Chan ကောင်လေးကို ဆွဲခေါ်လာခဲ့တယ်။ ကောင်လေးကလည်း စွာလိုက်တာ Chan ကိုပြန်အော်နေတာ။

Boy : "မင်းဘာလာရှုပ်တာလဲ ။ ငါဒီမှာ စကားပြော‌နေတာ မမြင်ဘူးလား။ တမင်လာရှုပ်တာလား"

Chan : " မဟုတ်ပါဘူး ကွာ မင်းအတွက် နှင်းဆီနက် တစ်ရာ မင်းရနိုင်မဲ့ နေရာကို ငါပြောမို့ပါ။ ဒါပေမဲ့ မင်း သူဘာမေးမေး ငါနဲ့မင်း ပြောတဲ့စကားတွေကို ပြန်မပြောနဲ့။ တကယ်လို့ မင်း ငါနဲ့ ပြောခဲ့တာတွေပြန်ပြောရင် မင်းတော့သွားပြီ ။ ငါသူ့အကြောင်း ကောင်းကောင်းသိတယ်။ မင်းဗြောင်လိမ်လေ သူမင်းကို ပိုစိတ်ဝင်စားလေပဲ။အဲ့တာကြောင့်ပြန်မပြောနဲ့ ။ အဲ့ဒါမင်းအတွက် ဝှက်ဖဲပဲ။ "

Chan သူကောင်လေးကို twist ထည့်လိုက်တာ လှလှပပလေးကို ဝင်သွားပါတယ်။

KS ဘက်ကိုလှည်ကြည့်တော့ စူးစူးရဲရဲလှမ်းကြည့်နေတာတွေ့လိုက်တယ်။ ဘေးက Chen & Beak ကတော့ စိတ်ဝင်စားစွာ ငေးကြည့်နေတယ်။ Jongin ကလည်း ဆိုင်ထဲကနေလှမ်းကြည့်နေတယ်။

ကောင်လေးကယုံသွားပြီး

Boy : " Ok ငါမင်းကို ဘယ်လိုဆက်သွယ်ရမလဲ"

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now