Ch-33

475 60 4
                                    

Uni

နောက်တစ်နေ့ မနက်ရောက်တော့ KS အိပ်ရာကနိုးတော့ မျက်လုံးဖွင့်ရုံရှိသေးတယ်။

Chan : " နိုးပြီလား Kyungsoo. နိုးရင် ကိုယ်လက်သန့်စင်ပြီး ထွက်ခဲ့တော့။ မနက်စာ စားရအောင် ။ ဟိုကောင်တွေ ဗိုက်ဆာလို့ နားငြီးနေလောက်ပြီ "

KS : " sorry အနှောက်ယှက်ပေးမိသွားတယ် "

Chan : " မလိုပါဘူး "

နောက်က ရောက်လာတဲ့ Kai က

Kai : " ငါတော့ ဆိုဖာ ပေါ်မှာအိပ်လိုက်ရတယ်လေ "

Chan : " ဟေ့ကောင် မင်းဘာသာ မင်းအိပ်တာလေ  "

KS : " ဘာလို့ Kai က ဆိုဖာ ပေါ်မှာ အိပ်လိုက်ရတယ်လဲ ။ ကုတင်က..."

Chan : " သူဘာသာ ဆင်းအိပ်ပြီ သူ့ဘာသာ ဖြစ်နေတာ သူပြောတာဂရုစိုက်မနေနဲ့ ။ မျက်နှာသွားသစ်တော့လေ ။ ဒီအတိုင်းနေတော့မလို့လား "

KS : " omm ပါ "

KS လည်း သူတို့ပြောတာကို နားမလည်စွာ ရေချိုးခန်းထဲကိုသာ ထွက်လာခဲ့တော့တယ်။

Kai : " မင်းခုနက ဘာပြောလိုက်တယ်။ မင်းသူ့ကို အိပ်ခိုင်းတဲ့နေရာက ငါ့ကုတင်လေ ။ ငါက ဘယ်နားသွားအိပ်ရမှာလဲ "

Chan : " ပြန်ပြောင်းပေးခဲ့တယ်လေ"

Kai : " Aww ပြန်ပြောင်းပေးတယ်ပေါ့။ မင်းလာအိပ်တယ်ကျ ထည့်ပြောလေ။ ငါတစ်ယောက်ထဲပဲ အိပ်တက်တာ မင်းမသိတာလား ။ "

Chan : " အပိုတွေပြောမနေနဲ့ ။ အဲ့တာဆို Baekhyun နဲ့ရရင် တစ်ယောက်တစ်နေရာဆီ အိပ်လေ "

Kai : " တူမလား ။ မင်းနဲ့သူနဲ့ "

Chan : " အော် အေးအေးအေး ခင်ဖို့ကောင်းလိုက်တဲ့သူငယ်ချင်းကြီး "

Kai : " မင်းထက်တော့သာတယ် ဟျောင့်။ အနည်းဆုံးတော့ မင်းတို့နှစ်ယောက်ကို ငါက အလိုက်တသိရှောင်ပေးတယ်လေ "

Chan : " မင်း ....."

Kai : " 😂😂 သွားပြီ မြန်မြန်လာခဲ့။ Kyungsoo ရေ သွားနှင့်ပြီဟေ့။ နှစ်ယောက်သား တူတူလာကြနော် တစ်ယောက်တစ်နေရာဆီမလာကြနဲ့နော်။ "

Chan : " Kim kai မနေ့က မင်းတို့နှစ်ယောက်ကို လွှတ်ပေးမိတဲ့ငါက ရူးနေတာ"

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now