Ch-17

565 58 42
                                    

Unicode

Chan :" ကိုယ်မိန်းကလေးတစ်ယောက်ကို စ,လိုက်တော့မလို့"
(recall)

KS : " ဘာ ........."

လုံးဝင်ထင်မှတ်မထားတဲ့ စကားတစ်ခွန်းက ဘယ်နေရာက ပြေးဝင်လာမှန်းမသိတဲ့ လက်နက်ပုန်းတစ်ခုလို KS ရင်ထဲကို တည့်တည့်ထိမှန်သွားတာပါ။ KSရင်ထဲဆတ်ခနဲကိုယ့်ကိုယ်ကို ဘာဖြစ်သွားမှန်းတောင်မသိလိုက်။ သူအငိုက်မိသွားတာပဲ နေမှာပါ။ နောက်မှ ချက်ချင်းသတိဝင်လာတာက သူ့ရဲ့လှည့်ကွက်တစ်ခုလည်း ဖြစ်နိုင်တာပဲ။

KS : " ဘာလဲ ...... ဒါကရော နောက်ထပ်လှည့်ကွက်တစ်ခုလား။ ငါက မင်းကို j ဝင်မယ်များထင်နေတာလား။"

Chan : " မဟုတ်ပါဘူးကွာ ။ကိုယ်တကယ် စိတ်ဝင်စားသွားတဲ့ မိန်းကလေး ပါ။ မေလရောင် တဲ့။ ဆေးကျောင်းကပါ။MC Queen ဆိုလို့ မတော်တဆသွားကြည့်ရင်း heart ထိလာတာ။ တစ်နေ့ကျမှ မင်းကိုလိုက်ပြမယ်။ မင်းလောက်တော့ မဟုတ်ပေမဲ့ သူ့ဟာသူ ယဉ်ယဉ်လေး လှတဲ့မိန်းကလေးပါ။ သူ့ကိုလိုက်တဲ့ သူတွေလည်းအများကြီးပါ။ ဒါပေမဲ့ မင်းလိုတော့ ပညာမပေးတက်ဘူး။ ယဉ်ယဉ်ကျေးကျေး ရေှာင်တိမ်း တက်တယ်။ ယဉ်ကျေးမှုရှိတယ် ခေါ်ရမှာပေါ့။"

KS : " ဘာ အဲ့တော့ ငါက ယဉ်ကျေးမှု မရှိဘူးပေါ့။ chanyeol မင်းစကားပြောရင် မတင်စီးဘဲပြောလို့မရဘူးလား။ မင်းကိုလေ ပတ်ချန်းရင့် လို့ခေါ်ဖို့ကောင်းတယ်။ မင်းကိုလေ သူကကြိုက်ပါလိမ့်မယ်။ အဲ့အချိုးနဲ့။ ဒါနဲ့သူက လိပ်ခုံးကလား ။ လမ်းမတော်ကလား။ "

Chan : " ဘာလဲ မင်းက ကိုယ်မသိအောင် တိတ်တိတ်ခိုး သွားကြည့်မလို့လား။ လိပ်ခုံးကပါ။ အခုမှ flasher queen လေးပါ။ သွားကြည့်ဖြစ်အောင်ကြည့်နော်။ ရိုးရိုးယဉ်ယဉ်လေးပါ သူက။"

KS သူ့ကို ဘာမှပြန်မပြောဘဲနေလိုက်တယ်။ မေလရောင် ဆိုတာ KS လုံးဝထည့်မတွက်ထားတဲ့ သူ့ရဲ့ဝှက်ဖဲ တစ်ခု။ အခုတော့ သူ့ရဲ့ဝှက်ဖဲကိုတောင် KS ကို မသိမသာထုတ်ပြသွားခဲ့ပြီ။ ဒီရက်ပိုင်းတွေ KS ဘာလို့သူ့ကို မဆွဲဆောင်နိုင်ခဲ့ရတာလဲ။သူပြောသွားပုံက KS အပေါ်ကို နည်းနည်းလေးမှ တိမ်းညွွတ်ခြင်းမရှိဘဲ။ တစ်ခြားမိန်းကလေးတစ်ယောက်ကိုတောင် စိတ်ဝင်တစားနဲ့ လိုက်ဖို့ပြင်ဆင်ထားခဲ့ပြီဆိုတဲ့သဘော။ တစ်နည်းအားဖြင့် KS ကိုသတ်သတ်ကြောသွားတာပါလား။ သူထွက်သွားမှ ကိုယ့်ဘက်က ဘာမှပြန်မပြောလိုက်ရလို့ ဆတ်ဆတ်ခါနာရကောင်းမှန်းသိတော့တယ်။ KS ဘဝမှာ KS ကိုကြောတဲ့သူတစ်ယောက်မှ မရှိခဲ့ဖူးဘူး။ အခုလိုခံလိုက်ရတာကြောင့် KS ဘာကိုမကျေမနပ်ဖြစ်နေမှန်းမသိ မကျေမနပ်ဖြစ်မိတယ်။ ဟင့်အင်း KS လုံးဝရှုံးလို့မဖြစ်ဘူးနော်။

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now