Ch-3

934 99 9
                                    

လူတိုင်းရဲ့ ရင်ထဲက ခံစားမှုကို တန်ဖိုးထားပေးပါ
ဘာလို့လဲဆိုတော့ သူတို့မှာတန်ဖိုးရှိတဲ့နှလုံးသားတစ်စုံရှိတယ်
ကိုယ့်မနှစ်သက်တဲ့အရာကိုသူများကိုမပေးမိစေနဲ့
သူလည်းနှစ်သက်မှာမဟုတ်ဘူးလေ

xxxxxxxxxxxxxxxxxxxxxxxxx

ကျောင်းသားထုရဲ့ကိုယ်စားလို့သုံးရမှာ ကြီးကျယ်လွန်းပါတယ်လေ။ ပွဲတစ်ပွဲမလှမပ ဖြစ်နေတာကို ဝင်ထိန်းပေးတယ်ဆိုရုံလောက်ပါပဲ။ ဒီပွဲမှာ Jongin က Chan ဝင်ပါလာတာကိုအရမ်းသဘောကျနေတာ....။သူကဘာရယ်မဟုတ်ပါဘူး ။ ပညာတွေသိပ်ပြနေတဲ့ bad angle လေးနဲ့ ပညာခြင်းယှဉ်ချင်ရုံတင်ပါ။

ပထမဆုံးခြေလှမ်းအနေနဲ့ Chan English စာအတန်းကိုလာခဲ့မိတယ်......။ဘာအခက်အခဲမှမရှိ လာချင်တော့လည်းအနီးလေး။ ဘယ်သူမှတကူးတက လမ်းပြပေးစရာတောင်မလိုပဲ သူ့ကိုမြင်မြင်ချင်းပဲ သတင်းကြီးနေတဲ့ bad angle လေးဆီုတာ အလိုလို သိတာလိုက်ပါပြီ။သူက သူများတွေပြောသလို တော်တော်ချောပါတယ်။ကျောင်းတစ်ကွင်းလုံးမှာ ထွန်းလင်းနေတဲ့ လ တစ်ဆင်းလိုပဲ တောက်ပလွန်းတယ်။ တွေ့သမျှလူတိုင်း သူ့ကို ငေးသွားကြတာ Chan ကိုယ်တိုင် မျက်မြင်ပါ။ ဒါပေမဲ့ Jongin ပြောသလို သူပါ ကြွေသွားမယ်ဆိုတဲ့စကားကိုသိပ်တော့လက်မခံချင်ပါ။ အခုထက်ထိ Chan ရဲ့ လက်ဝဲဘက်ရင်အုံက လှုပ်ရှားမှုမရှိ။

KS , Chen &Beak တို့သုံးယောက် အတန်းထဲကနေ Canteen သွားတာမြင်တော့ Chan သူတို့ကိုကျော်တက်ပြီးလျှောက်လာခဲ့တယ်။ စကားသံတွေအရ အနောက်မှာ KS တို့ပါလာတာကိုသိတယ်လေ။ ( သိမှာပေါ့ Chen နဲ့ Beak နှစ်ယောက်ပေါင်း လို့ကတော့ သိတယ်ဟုတ်😜 main vocal တွေစုနေတာ 😂)

လူတစ်ယောက်ကိုပညာပေးတော့မယ် ဆိုရင် ဉာဏ်နီဉာဏ်နက်‌တောင် မဟုတ်ဘူး ဉာဏ်ပြာဉာဏ်ဝါ အရောင်အသွေးစုံစုံလင်လင်ထုတ်သုံးရတော့တာ။ သူတို့ထက် ခြေတစ်လှမ်းစောနေသင့်တယ်လေ။

Canteen ရောက်တော့ သူတို့အရင်ထိုင်အောင် ခနစောင့်လိုက်တယ်။ သူတို့က Chan ကိုမမြင်ပါဘူး။ သူတို့ထိုင်ပြီ ဆိုတော့ မှ အဲ့စားပွဲက ခုံအလွတ်ကို ယူထိုင်လိုက်ပြီး KS ကို စကားတစ်ခွန်းမှမပြောဘဲ သူ့မျက်နှာကို အကြာကြီး စိုက်ကြည့်နေလိုက်တယ်။ သူက မျက်မှောင်ကျုံသွားပြီး မျက်လုံးဝိုင်းဝိုင်းတွေနဲ့ ကြည့်လာတယ်။ အသည်းပုံနှုတ်ခမ်းလေးကလည်း တွန့်သွားတယ်။ EXO ထဲက D.O. နဲ့တောင်တူသေးတာ။ (Chan တို့များမနိုင်ဘူး သူ့လူကြီးကိုပဲတွေးနေတာ🤧) Chan ကတော့ KS ရဲ့ မျက်နှာတစ်ခုလေးကိုပဲ ကသိုဏ်းရှုနေသလိုကြည့်နေတာ။ ကြာလာတော့ KS ဒေါသထွက်ပြီး ဆွဲထိုးဖို့လုပ်တော့ ဘေးက Chen နဲ့ Beak ကဝင်ဆွဲရတယ်။ Chen က ဝင်ပြောတယ်။

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Where stories live. Discover now