Episode - 8

5K 653 3
                                    

[ပြန်လည်သတိရမိသောနေ့ရက်များ-၁]

အသက်ပြည့်တာသိပ်ကြာပုံမရသေးတဲ့ကောင်လေး
သေးညှပ်တဲ့ကိုယ်လေးကိုသိပ်ဘဝင်မကျ

ကျိုးချန်နဲ့ဆွေးနွေးပြီးသူ့အသက်အရွယ်မှာရှိသင့်တဲ့
ကိုယ်အချိုးအစားရအောင် လေ့ကျင့်ပေးသည်

နေ့စဥ်လေ့ကျင့်ခန်းအားသေချာလုပ်ပြီး
ကျန်းမာကြံ့ခိုင်အောင်သင်ယူစေသည်

English စကားပြောအတွက် ဆရာတစ်ယောက်ငှားပေးကာ အနီးကပ်သင်ကြားစေသည်

ကျိုးချန်နဲ့အကိုရှီးချန်ကတော့
ရှောင်းကျန့် အား သက်ာမကင်းတဲ့အကြည့်တွေနဲ့

"အဲ့လိုမကြည့်ပါနဲ့ "

"ချိုချိုသာသာကြည့်ပေးရမှာလား"

"မင်းအဲ့ကလေးကိုဘယ်လိုသဘောထားနေတာလဲ"

"ငါလည်းမပြောတတ်ဘူး လက်ရှိတော့ ဒီအတိုင်းပဲသွားကြရအောင်"

"မင်းအတွက် ဘေးမဖြစ်သေးသရွေ့တော့
ငါတို့ငြိမ်နေမှာပါ"

အလေးအနက်တွေးတောနေတဲ့ရှောင်းကျန့်က
ခေါင်းညိမ့်ပြသည်

အိမ်သို့ပြန်ရောက်လျှင် သူ့အားစောင့်ဆိုင်းနေတတ်သည့်
ကောင်လေးကထူးဆန်းစွာရှိမနေခဲ့

အဒေါ်လီ အား မေးရန်ကြံရွယ်လိုက်သော်လည်း
မသင့်တော်ဘူးဟုထင်ကာ မိမိအခန်းထဲသို့သာ
ဝင်လာခဲ့သည်

စာအုပ်ပုံတွေကြားထဲနစ်မြုပ်နေတဲ့ကောင်လေးကိုမြင်မှ

အော် ဒီကောင်လေးတော်တော်လေ့လာနေတာပဲ
သူ့ပြန်လာကိုတောင်မရိပ်မိဘူးဆိုတော့
ဘာတွေများဖတ်နေလို့ပါလိမ့်

ခြေဖျားဖွဖွနင်းကာ နောက်ကျောကနေ
ခိုးကြည့်မိတော့

စီမံခန့်ခွဲမှုရေးရာဆိုသည့်စာအုပ်အား
သေချာဖတ်ပြီးတစ်ဖက်မှအဓိကျသည်များကို
မှတ်သားနေသည်

ညီညာသောလက်ရေးများက ကြည့်ရသူစိတ်ချမ်းသာသည်
ထိုလက်ရေးများရဲ့အပေါ်တွင် သူ့ရဲ့နာမည်လေးကလည်းကပ်ပါနေလို့

ငါ့နာမည်ကိုပါစာရေးလေ့ကျင့်နေတာလား

ရေးနေရင်းရပ်တန့်သွားတဲ့ကောင်လေး
ဘေးကနာရီကိုကြည့်ရင်း
သက်ပြင်းချသံလေးကြားလိုက်ရသည်

NEEDFULL[家] [ COMPLETED ]Where stories live. Discover now