(Version -1) Episode - 36

2.5K 311 7
                                    

[ ကိုကို ငါ့ကိုထားမသွားပါနဲ့ ]

မေ့မျောနေတဲ့ ရှောင်းကျန့်
သူ့ရဲ့စိတ်ဝိညာဥ်ကတော့ လေနှင်ရာကိုလျောက်သွားလျက်

ကျုးလစ်ပန်းဝါဝါတွေက မိမိအရှေ့သို့ပေါ်လာခဲ့သည်။

အဝါရောင်က ပျော်ရွှင်ခြင်းရဲ့သင်္ကေတအရောင်
သူကတော့ ဝမ်းနည်းမိသလိုပဲ

ပြာလဲ့နေတဲ့ကောင်းကင်ကြီးအောက်မှာ
အဝါရောင်ကျုးလစ်တွေကြား
သူတစ်ယောက်တည်းရှိနေခဲ့သည်။

"ခ်ခ် ကျန့် "

"လင်း "

ပန်းခင်းထဲပြေးလွှားနေတဲ့ကောင်မလေး လင်းအာ

အဝါဖျော့ဖျော့ဂါဝန်လေးနဲ့အဖြူရောင်ဦးထုပ်လေး
ဆောင်းထားရင်း လှမ်းခေါ်နေသောသူမ

"လင်း "

လေတိုက်သောအခါ ပြန့်ဝဲနေသောဆံစတွေ
မျက်လုံးမှိတ်သည်အထိ ပြုံးပြနေရင်း ခေါ်နေသည်။

​ခြေထောက်တွေက သွားဖို့လှမ်းနေပေမဲ့
မရွေ့နိုင်ပေ ။

တဖြည်းဖြည်း နဲ့ ဝေးကွာသွားသော လင်းအာ

"လင်း လင်း မသွားနဲ့ "

ဦးထုပ်ကမျက်နှာတစ်ဝက်တိတိဖုံးလွှမ်းထားသောအခါ
နှုတ်ခမ်းကိုသာမြင်ရသော လင်းအာ ကပြုံးပြရင်း

"ငါ့ကိုစိတ်မပူနဲ့ နင့်ကိုနင် ဂရုစိုက်ပါ "

နောက်မှပေါ်လာသော ထျန်းလန်က လင်းအာ ရဲ့လက်ကို
တင်းတင်းဆုပ်ကိုင်ထားသည် ။

"ဒီနေရာက ခင်ဗျားအတွက်မသင့်တော်ဘူး "

"ဘာကြောင့်လဲ "

မရမကခြေလှမ်းဖို့ကြိုးစားရင်း ရွေ့သွားသောအခါ
ရှောင်းကျန့် ပျော်သွားကာ ထပ်ပြီးလှမ်းသည်

ရှေ့တွင်ရှိသောသူနှစ်ယောက်ကတော့
အငွေ့တွေအဖြစ်သို့ပြောင်းကာ ကွယ်ပျောက်လုနီးပါးဖြစ်နေသည်။

"လင်း"

တစ်လှမ်းပြီးတစ်လှမ်း လှမ်းနေသောခြေလှမ်းတွေက

"ကိုကို ငါ့ကိုထားမသွားပါနဲ့ "

တင်းကြပ်လာသောရင်တစ်စုံနဲ့အတူ
မဖိတ်ခေါ်ပဲကျလာသည့်မျက်ရည်တွေ

NEEDFULL[家] [ COMPLETED ]Där berättelser lever. Upptäck nu