家(Home) - 02

2.5K 231 2
                                    

[ မထင်မှတ်ထားသောတုံ့ပြန်ချက် ]

ကိုယ်ရံတော်ရှန်းနဲ့အတူနန်းတော်ထဲသို့ ပုံမပျက်စွာဖြင့် ပြန်လည်ဝင်ရောက်လာခဲ့သည်။

မိုဖေးကတော့ငါးလေးတစ်ကောင်ဖြင့်အလုပ်ရူပ်နေလေသည်။

လမ်းမှာကြုံလို့ရလာတဲ့ငါးလေး( ရှဲ့ယွီ )
ငါ့ထက်မဆိုသလောက်လေးပုတဲ့အရပ်နဲ့ အသက်ကောပြည့်သေးရဲ့လားမသိ။

လျိုမင် နဲ့ လျိုဖုန်း ကတော့ ပြဿနာအိုး သခင်မလေး ရဲ့သဘောအတိုင်း သခင်လေးလို့ပြောင်းခေါ်နေရသည်။

လူတစ်ယောက်ကိုလိမ်ဖို့အရေး အဲ့လောက်လိုလို့လား။

မသိတဲ့သူကိုအိမ်ခေါ်လာပြီးကစားချင်တိုင်းကစားနေတာ
မမလေးမိုကတော့ အရုပ်ရနေတဲ့အတိုင်းပဲ။
အခုလည်း ထိုကောင်လေးကို တရားခံလို စစ်ဆေးမေးမြန်းနေတာ အသက်တောင်ရူရဲ့လားမသိ။

"ငါးလေး မင်းကဘာလို့အဲ့မှာတစ်ယောက်တည်းဖြစ်နေတာလဲ"

"ခေါင်းခါ"

"ဘာမေးမေးခေါင်းခါနေတော့မှာလား "

"ခေါင်းညိတ် "

"ဟင်း လျိုဖုန်း သူ့ကိုပါဆေးကြိတ်ခိုင်းလိုက် လျိုမင်ကအပြင်သွားဖို့လိုက်ခဲ့"

"ဘယ်သွားဦးမလို့လဲ"

"အကိုကြီးဆီ လိုက်ခဲ့စမ်းပါ သူ့ကိုမပျောက်စေနဲ့နော် အဲ့ငါးကိုပြန်လာမှကင်စားရမယ်"

စတွေ့တုန်းက စကားပြောတာသူမဟုတ်သလိုပဲ အခုလည်းကျကော ခေါင်းညိမ့်ခေါင်းခါပဲလုပ်နေတယ်။

"မမလေး ဘာလို့ အဲ့ကလေးကို အိမ်တော်ကိုခေါ်လာရတာလဲ "

"ခေါ်ချင်လာလို့"

ဟုတ်ပါပြီ ငါစကားပြိုင်မပြောတော့ပါဘူး။

နန်းတော်ထဲသို့ခါတိုင်းလိုအခစားဝင်ပေမဲ့ ဒီနေ့ကျထူးခြားစွာနဲ့ မိုဖေးအာမှာ မယ်တော်ကြီးဆီသို့အပို့ခံလိုက်ရလေသည်။

အရိုအသေပေးကာ ခေါင်းငုံ့နေသည်မှာ ပြန်ကိုမဖော်တော့ပေ။
ခေါင်းထဲတွင်တော့ဖြစ်နိုင်သည်များကို တွက်ချက်နေသည်။

NEEDFULL[家] [ COMPLETED ]Where stories live. Discover now