家(Home) - 03 [ Final ]

3.3K 256 18
                                    

[ ကိုယ်တော်မင်းနဲ့အတူ ကျန်းနန်ကရူခင်းတွေ သွားကြည့်ချင်ခဲ့တာ ]

အရှင်မင်းမြတ်ကအခေါ်တော် လွှတ်သည်ဟုကြားသိရတာနဲ့ မိုယွမ်က ချက်ချင်းပင် နန်းတော်ထဲသို့အခစားဝင်လေသည်။
မတွေ့ရတဲ့ရက်အတောအတွင်း အရှင်မင်းမြတ်က ပိုပြီးပိန်ကျသွားတာပဲ။

မော်ဖူးခွင့်မရှိမှန်းသိပေမဲ့လည်း အမိန့်ကိုဖီဆန်စွာနဲ့ တမေ့တမောငေးမောလို့။ မျက်ခုံးနှစ်ခုကြားနေရာလေးအား ဖိထောက်ထားလျက် အပူအပင်များနေပုံရနေသော အရှင်မင်းမြတ်က သူရောက်နေမှန်း​တောင်သတိမထားခဲ့ပေ။

"အရှင်မင်းမြတ် ကျွန်တော်မျိုး မိုယွမ် ရောက်နေကြောင်းပါ"

အနားတွင်ရှိနေကြအပျိုတော်နှင့်အထိန်းတော်မှာလည်း ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိ။ သူရောက်ရှိနေတဲ့အကြောင်း လျောက်တင်လိုက်တော့ စင်းကျနေတဲ့မျက်လွှာကိုအသာအယာဖွင့်လို့ မိမိအားစိုက်ကြည့်နေသည်။

"ငါကိုယ်တော် မိုလေးကိုအနှောင့်အယှက်ဖြစ်စေခဲ့ပြီလား"

"မဖြစ်ကြောင်းပါ"

"အရိုအသေပေးရာကနေထလိုက်ပါ ကိုယ်တော့်ဘေးမှင်လာသွေးပေးလှည့်"

ဘာအကြောင်းအရင်းမှမရှိဘဲ စစ်သူကြီးအား အခေါ်တော်လွှတ်တဲ့အရှင်မင်းကြီး။

"မိုလေး "

"မှန်ပါ "

"တကယ်လို့ တိုင်းပြည်ဧကရီနေရာကို
မဖြစ်မနေတင်မြှောက်ရမယ်ဆိုရင် မိုလေးက ငါကိုယ်တော်ကိုဘယ်သူနဲ့သဘောတူလဲ"

မှင်သွေးပေးနေသောလက်များက ခေတ္တရပ်သွားပေမဲ့ ဆက်ပြီးသွေးနေမြဲ။ သူမေ့ထားတဲ့
အရှင်မင်းမြတ်နဲ့ပတ်သတ်တဲ့အချက်တစ်ချက်။

"ခမ့်တိုင်းပြည်မင်းသမီးရောက်လာတယ် မယ်တော်ကြီးကခေါ်ဆောင်လာခဲ့တာပေါ့ မိုလေး ကိုယ်တော်လက်ခံသင့်လား"

"အရှင်မင်းကြီးဆန္ဒက ကျွန်တော်မျိုးရဲ့ဆုံးဖြတ်ချက်ပါပဲ"

တားဆီးချင်သည့်စကားများ တစ်ခွန်းတလေမဟပါဘဲ ငါကိုယ်တော်ရဲ့ဆန္ဒကမင်းရဲ့ဆုံးဖြတ်ချက်တဲ့လား။

NEEDFULL[家] [ COMPLETED ]Where stories live. Discover now