Episode - 23 [Season -1 END]

5.5K 534 9
                                    

[ မင်းတို့ကိုခွင့်မလွှတ်ဘူး ]

ကျစ်မင်း အခန်းထဲတွင် အသက်မဲ့စွာထိုင်နေသည်
သူလုပ်ခဲ့သမျှ အကုန် သတင်းစာထဲတွင် ပါလာသောကြောင့် ဖြစ်သည်

ကြံရာမရစွာဖြင့် ဘာလုပ်ရမည်မှန်းစဥ်းစားမရပေ

Buzz~

အသံကျယ်စွာနဲ့မြည်လာသောဖုန်းကိုလည်း
ကြောက်ရွံနေခဲ့သည်။

ခေါ်ဆိုနေသောဖုန်းက ကျသွားပြီး
အိမ်တံခါးရဲ့နံပါတ်အား ရိုက်နှိပ်နေသံကိုကြားရသည်

"ဒီလိုတွေဖြစ်လာပြီးမှ ရှောင်ပုန်းနေမှာလား "

"ဖန်းရီ ကယ်ပါ ငါ့ကိုကယ်ပါ"

"ကျွန်မရဲ့ စကားကိုနားထောင်ခဲ့သင့်တာ ဘာလို့မဆိုင်တဲ့အလုပ်တွေကိုပါလုပ်ရတာလဲ"

"ငါ ငါမှားပါတယ်"

"ရှင်ဒီမှာနေလို့မရဘူး ဒီမှာရှင့်အတွက်အကုန်စီစဥ်ပေးပြီးပြီ"

"မင်းကရော "

"ကျွန်မလည်း ရှင်နဲ့အတူလိုက်မှာ ရှင်လုပ်ငန်းစုကိုလိုချင်နေတုန်းပဲမလား ကျွန်မကူညီမှာပါ "

"သွားရအောင်"

ကားအနီရောင်လေးကအဝေးပြေးလမ်းမပေါ်
ဦးတည်လျက်

"ဖန်းရီ မင်းကိုသွားနေတာလဲ"

"စိတ်မပူနဲ့ ကျွန်မကိုယုံ"

အဝေးပြေးလမ်းမမှတစ်ဆင့်ဘေးဘက်ရှိပင်လယ်ထဲသို့
ကားကိုမောင်းချလိုက်သည်

ဗွမ်း~

နှစ်ဝက်ခန့်ကြာပြီးနောက်

"ကျန့်ကော ဘာတွေတွေးနေတာလဲ "

"ဘာမှမဟုတ်ပါဘူး ဒီနေ့ရော အလုပ်လုပ်ရတာအဆင်ပြေလား "

"အင်း အေးတယ် အထဲဝင်ရအောင်"

စာရင်းတွေကိုပြန်လည်စစ်ဆေးနေသော
ရှောင်းကျန့် အနား ရိပေါ် ကပ်လာသည်

"ကျန့်ကော ဒီမှာ "

"ဟင် ဖိတ်စာလား လင်း တို့ဖိတ်စာလား"

"အင်း ကျွန်တော့်ကိုပေးလိုက်တာ ဆက်ဆက်တက်ရမယ်နော်တဲ့"

"ရှီးချန်ကော တို့လည်းပါလား"

NEEDFULL[家] [ COMPLETED ]Where stories live. Discover now