Episode - 14

4.6K 557 12
                                    

[ ရှောင်းကျစ်မင်း ]

ရိပေါ်ပြန်သွားပြီးနောက်ပိုင်း
ရှောင်းကျန့် က အလုပ်တွေကြားထဲနစ်မြုပ်နေပြန်သည်

အသစ်ဆောက်မယ့်အပန်းဖြေစခန်းအတွက်
ရှောင်းကျန့် အလုပ်များနေသည်

အိမ်မှာပင်အနားမယူနိုင်ဘဲ
ကမ်းခြေသို့သွားရသည်အထိပင်

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများမှာ
မလောက်ငမှုများစွာရှိနေသည်

လုပ်သမားရာကျော်ကို
ဦးဆောင်သောခေါင်းဆောင်မှာလည်း
နေ့ချင်းညချင်းထွက်ပြေးသွားသည်
ထိုလူထံတွင် လုပ်ငန်းသုံးရန်ပုံငွေများစွာပါသွားလေသည်

အလုပ်ကနေထွက်ခွာသောသူများလည်းရှိနေရာ
ထိုဆောက်လုပ်ရေးမှာပျက်စီးမှုများစွာဖြစ်နေသည်

အလျင်အမြန်ထိန်းပေးမည့်ခေါင်းဆောင်မရှိသောကြောင့်
ရှောင်းကျန့် ကိုယ်တိုင်ညတွင်းချင်းရောက်လာရခြင်းပင်

လုပ်ငန်းစုတွင်ဖုန်းကိုကိုင်ပြီး
ပြုံးရယ်နေသောသူလည်း
ရှိနေခဲ့သည် ထိုသူကတော့ ရှောင်းကျစ်မင်း

"ဘယ်လိုလဲ ဝူဖန်းရီ အခုဆို မင်းရဲ့သား
ကောင်းကောင်းကြီး ဒုက္ခရောက်နေလောက်ပြီ"

"ကျွန်မသားမဟုတ်ဘူး သူကရှောင်းဟွေ့ရဲ့သားပဲ
ကျွန်မနဲ့နည်းနည်းမှမသက်ဆိုင်ဘူး
အဲ့ကလေးကမွေးကတည်းကသေသွားရမှာ
သူ့အဖေကကယ်ခဲ့လို့သာအသက်ရှင်နေတာ "

"မင်းဘာလို့ အဲ့လောက်တောင် မုန်းရတာလဲ
ငါနဲ့တစ်ဖက်တည်းဆိုတာသိပါတယ်
ဒါပေမဲ့ မင်းလောက်ရက်စက်တဲ့သူကိုမတွေ့ဖူးဘူး"

"ကျွန်မချစ်သူကိုသေစေခဲ့လို့
ပြီးတော့သူ့ကလေးကိုရခဲ့လို့"

"အို ကြောက်မက်ဖွယ်ရာအငြိုးကြီးချက်ပဲ"

"ရှင်ကရောဘာထူးလို့လဲ
ရှင့်ညီကို ကိုယ်တိုင်သတ်ခဲ့တာမဟုတ်ဘူးလား"

"ဟေ့ ငါက အောက်စီဂျင်မက်စ်လေးပဲဖြုတ်ခဲ့တာ"

"အော်"

"ငယ်တဲ့ကလေးကိုနည်းနည်းခြောက်တာပေါ့
ဒီလောက်ပဲ ဟေ့ အတူတူပဲ လာမကြည့်နဲ့"

NEEDFULL[家] [ COMPLETED ]Where stories live. Discover now