Episode - 18

4.4K 539 15
                                    

[ ငါ့ရဲ့စုတ်ဖွားကိုမထိနဲ့ ]

အိမ်သို့ပြန်ရောက်လာတဲ့လူနှစ်ယောက်ကို
အဒေါ်လီ ကဝမ်းသာစွာကြိုဆိုတယ်

အိပ်ခန်းထဲမှာ ရှောင်းကျန့် ကိုနေရာတကျ ချပေးသည်
အဝတ်အစားတွေလဲပေးပြီး
ခြေလက်သန့်စင်ပေးသည်

ကျန်းချန် က လူကိုယ်တိုင်လာစစ်ဆေးပြီး
ပြန်သွားသည်

အဒေါ်လီကတော့သတ်မှတ်ရက်ထက်စောပြီး
ပြန်လာတဲ့အခါ ပျော်ရွှင်နေသည် သူတို့သခင်လေးကို
ထိန်းချုပ်နိုင်တဲ့သူရောက်လာပြီ

ဦးလေးချန်နဲ့စာကြည့်ခန်းထဲအလုပ်များနေသည်

အဒေါ်လီ က တော့ ညစာအတွက် ဖွယ်ဖွယ်ရာရာကိုချက်ပြုတ်နေသည်

ကွာဟတဲ့စာရင်းတွေမရှိသလောက်အထိ
ရှောင်းကျန့် ကမအိပ်မနေကြိုးစားထားသည်

ဒီအတိုင်းဆို အမြတ်ငွေက ၃၀ထက်တောင်ကျော်ဦးမယ်

ဦးလေးချန်ကတော့ဝမ်းသာမျက်ရည်တွေ
စိတ်ထဲကနေကျနေသည်

သူတို့သခင်လေးကိုရိပေါ်လေးကပဲနိုင်တာလေ

အကုန်စစ်ဆေးပြီးတဲ့အခါ
ရိပေါ် ရှောင်းလုပ်ငန်းစုအကြောင်း
နားလည်သွားလေသည်

နောက်ဖြစ်လာမည့်ဖြစ်နိုင်ချေတွေကိုလည်း
စဥ်းစားထားပြီးတွက်ချက်ထားသည်

အကုန်လုံးပြီးဆုံးသွားတဲ့အခါ ရိပေါ်
ရေချိုးခြင်းကိုစတင်ရသည်

ရေစိုနေသောဆံပင်တွေကို
သဘက်နဲ့ခပ်သွက်သွက်သုတ်ပြီး
အကျီလဲလိုက်သည်

အိပ်ပျော်နေသောသူထံမှလည်း
နိုးလာသည့်အရိပ်အယောင်တွေတွေ့ရသည်

အိပ်ရာမှထထိုင်တဲ့သူဘေးနားသွားပြီး
အ​ခြေအနေဘယ်လိုရှိလဲမေးမြန်းတဲ့အခါ
အဆင်ပြေပါတယ် ပဲ​ပြောသည်

"ငါရေချိုးချင်တယ်"

"ကျနော်ရေနွေးစပ်ပေးမယ် အကြာကြီးမစိမ်ဘဲ
မြန်မြန်ချိုး "

အမွှေးပွသဘက်ကြီးကိုင်ကာ
ရေချိုးခန်းရှေ့စောင့်နေသည်

ခေါင်းလျော်ပြီးထွက်လာတဲ့သူကိုတွေ့တော့
ထင်တဲ့အတိုင်းပဲဆိုပြီး
အမွှေးပွသဘက်နဲ့သေချာသုတ်ပေးသည်

NEEDFULL[家] [ COMPLETED ]Wo Geschichten leben. Entdecke jetzt