Episode - 17

4.3K 549 7
                                    

[ ဒုတိယရှယ်ယာအများဆုံးသူ ]

"ထင်ထားတဲ့အတိုင်းပဲ "

"ဝူဖန်းရီ မင်းတော်လှချည်လား"

"ဒါတွေကအရေးမကြီးပါဘူး နောက် ၂ရက်လောက်နေရင်
ရှယ်ယာရှင်အစည်းအဝေးပွဲ"

"တစ်ခါတည်းဖြုတ်ချဖို့လား သတိပေးဖို့အတွက်လား"

"သတိပေးဖို့အတွက် "

"အကြံတွေကတော့စံပါပဲ"

ကျော့မော့စွာထွက်ခွာသွားတဲ့ ဝူဖန်းရီ

အမိမြေကိုပြန်ရောက်တဲ့ခံစားချက်က
တကယ်ကိုနွေးထွေးစေတယ်

ဦးလေးချန်ကိုအသိပေးဖို့
တွေးမိပေမဲ့ အံ့သြစေချင်တာကြောင့်
အသိမပေးဘဲသာလာခဲ့သည်

ရှောင်းအိမ်တော်သို့မပြန်ခင်
စီးပွားရေးတက္ကသိုလ်သို့အရင်သွားရသည်

လွှဲပြောင်းလိုက်တဲ့စာရွက်စာတမ်းတွေကိုတင်ပြပြီး
သင်ယူမှုပြီးဆုံးသွားကြောင်းလက်မှတ်ပေးသည်

မကြာခင် သူ ရှောင်းကျန့် နဲ့ တန်းတူအလုပ်လုပ်နိုင်တော့မည်

လူကိုယ်တိုင်မသွားဖြစ်ဘဲ
တစ်ဆင့်ခံအုပ်ချုပ်ထားသော ရှဲ့လုပ်ငန်းစုကို
သွားကြည့်ဖြစ်သည်

ရှောင်းကျန့် က ရှယ်ယာဝယ်ပေးထားပေမဲ့
သူကိုယ်တိုင်ကြိုးစားပြီး ကုမ္ပဏီတစ်ခုလုံးကို
လက်ထဲရောက်အောင်လုပ်သည်

ရှဲ့လုပ်ငန်းစုပိုင်ရှင်ကဘယ်သူလဲဆိုရင်
ဝမ်ရိပေါ်ပဲ

ရှောင်းကျန့် က သူနဲ့သက်ဆိုင်တဲ့အရာတွေကို
မကန့်ကွက်ဘဲ ဘေးကနေကြည့်ပေးသည်

သူ့အလုပ်နှင့်သူမအားသောကြောင့်
ရှဲ့လုပ်ငန်းစု ရိပေါ် ပိုင်သွားမှန်းသတိမထားမိချေ

ရိပေါ်က သူလုပ်ထားသမျှကို ဂုဏ်ယူသလိုပြုံးမိသည်

အခုဆို သူပိုင်တဲ့ရှယ်ယာတွေနဲ့ ရှောင်းလုပ်ငန်းစုထဲမှာ
ရှယ်ယာ ၅၀ %ပိုင်နေပြီဖြစ်သည်

သူ စာရွက်စာတမ်းတွေ စစ်ဆေးနေတုန်း
ကိုယ်စားအုပ်ချုပ်ပေးနေရသောသူက
သူမသိသေးသောသတင်းကိုပြောပြသည်

NEEDFULL[家] [ COMPLETED ]Onde histórias criam vida. Descubra agora