( Version -1) Episode - 37

2.7K 314 2
                                    

[ ငါ့ဆီကိုလာပါ ]

ရိပေါ် ပျောက်သွားတဲ့ရှောင်းကျန့်ကို အပူတပြင်းရှာဖွေနေသည်။

ရှောင်းကျန့် ကတော့ တစ်ကိုယ်လုံးကိုအနက်ရောင်ဖုံးလွှမ်းထားကာ
လှုပ်ရှားမှုများကညင်သာပြီး
လျှို့ဝှက်စွာဖြင့် အိမ်တစ်အိမ်ထဲသို့ ခိုးဝင်သွားသည်။

ခမ်းနားသောအိမ်ထဲသို့ခိုးဝင်လာသော ရှောင်းကျန့်
တစ်ခန်းဝင်တစ်ခန်းထွက်ကာ လူတစ်ယောက်ကိုရှာနေသည်။

ထိုသူကတော့ အခန်းထဲတွင် လျို့ဝေရိနှင့် စကားပြောနေသည်။

စောင့်ကြပ်နေတဲ့သက်တော်စောင့်တွေကိုအသာလှဲသိပ်ပြီး
တံခါးတွန်းဖွင့်ကာ အခန်းထဲသို့ဝင်လာသည်။

ဝေရိ သတိထားမိကာ သက်တော်စောင့်တွေအော်ခေါ်ပေမဲ့
ရောက်မလာကြပေ။

" အမေ "

မျက်သားတွေရဲတက်နေကာ မျက်ဝန်းများကလည်း ဖောင်းအစ်နေသည်။

ဝူဖန်းရီ ထိုင်ခုံမှာနေမြဲအတိုင်းနေကာ ရှောင်းကျန့် ကိုကြည့်နေသည်။

"ဘာလို့ လင်းအာ ကို သတ်ရတာလဲ
ဘာကြောင့်လဲ "

"ငါ့ရှေ့ပိတ်နေလို့လေ မကြာခင်မင်းအလှည့်ရောက်လာမှာ "

မျက်နှာကိုလက်ဖဝါးဖြင့်အုပ်ကာ

"ကျွန်တော်က အမေမွေးထားတဲ့သားပါ "

"မင်းကငါ့သားမဟုတ်ဘူး"

"အမေ !!"

"ငါ့ကိုမခေါ်နဲ့ "

"အား !!! ခင်ဗျားဆီကဂရုစိုက်မှုလေးရဖို့ ဘာလို့ခက်ခဲနေရတာလဲ ကျွန်တော်က ခင်ဗျားရဲ့သား သားအရင်းပါ ဘာလို့မုန်းတီးနေရတာလဲ !!"

အော်ဟစ်ငိုကာ စကားတွေကိုပြောနေခဲ့သည်။

"ကျန့်ရှန်းဟောင် သူကမင်းအဖေပဲ ငါကကြားထဲက ကလေးမွေးပေးတဲ့လူသက်သက်ပဲ သူ့ရဲ့ရုပ်နဲ့တစ်ပုံစံတည်းတူတဲ့မင်းကိုမြင်တိုင်း သတ်ပစ်ချင်မိတာ နှုတ်ခမ်းအောက်ကမှဲ့က ငါ့အတွက်အတိတ်ဆိုးပဲ နင်သေမှရမယ် နင်သေကိုသေရမယ် "

"ဟက် ခင်ဗျားကိုသေမတတ်ချစ်ပေးခဲ့တဲ့ ကျွန်တော့အဖေကရော အဖေကရော ခင်ဗျားသူ့အပေါ်တရားခဲ့လား !!!!!"

NEEDFULL[家] [ COMPLETED ]Where stories live. Discover now