(Version-1) Episode - 35

2.7K 336 14
                                    

[ လင်းအာ လင်းအာ !!!! ]

ခေါင်းမှကျနေသောသွေးများက
အင်္ကျီတစ်ခုလုံးရွဲနစ်နေလျက်
မျက်နှာတွင်လည်းရစရာမရှိအောင်
ရိုက်ခံထားရသော လင်းအာ

သို့သော် အပြုံးလုံးဝမပျက်ပေ

"ဝူဖန်းရီ ခွေးမကြီး ငါ့လန်အာပေးထားတဲ့အင်္ကျီကိုမှ
သွေးစွန်းအောင်လုပ်တယ်"

ခေါင်းကိုနောက်သို့လှန်ကာ ရယ်မောလျက် ကျိန်ဆဲနေသည်

မျက်နှာသို့တစ်ချက်ဖြတ်ရိုက်ခံလိုက်ရလေသည်

"နင်ကတကယ်အနံ့ခံကောင်းတဲ့ခွေးမပဲ"

"ဝူဖန်းရီ ရယ် ငါကအနံ့ခံကောင်းနေတာမဟုတ်ဘူး
နင်ကိုကအနံ့ထွက်နေတာ "

"လူကြီးသူမကိုတောင်မရိုသေတဲ့နင့်လိုမိန်းမမျိုးက
သေဖို့ပဲထိုက်တန်တယ်"

"အဟွတ် "

ချောင်းဆိုးလိုက်သောအခါ သွေးတွေပါပါလာတော့သည်

"အဟား Don't Worry နော် ဝူဖန်းရီ
ငါသေမှာမကြောက်ဘူး နင်ပဲကြောက်လို့ ခုချိန်ထိပုန်းနေရတာမဟုတ်လား"

"သူ့ကိုလက်စသတ်လိုက်တော့ "

"ခဏနေပါဦး ငါ လျိုဝေရိကို စကားပြောချင်သေးလို့ "

သို့သော် ထပ်ပြီးအရိုက်ခံပြန်လေသည်

"သောက်ခွေးရဲ့ ငါကသေခါနီးလူလေ နည်းနည်းညှာပါဦး
မြေခွေးမလျိုဝေရိ ဘာကိစ္စ ဒီစုန်းမဆီမှာ အမှုထမ်းနေရတာလဲ အဟွတ် အဟွတ်
ငါမသေခင်ပြောပြခဲ့မယ် အဟွတ် သူကသူ့သားကို​တောင် သတ်ဖို့ဝန်လေးတဲ့သူမဟုတ်ဘူး "

"ရှောင်းကျစ်မင်း ရှင်မြန်မြန်မသတ်နိုင်ဘူးလား"

ဒိုင်း ~

ရှောင်းကျစ်မင်း လင်းအာ အား သေနတ်နဲ့ပစ်သတ်မည်ံအချိန်တွင်ရောက်လာသော
ရှီးချန်

ရှောင်းကျစ်မင်း ရင်ဘတ်သို့သေနတ်နဲ့ပစ်လိုက်ခြင်းဖြစ်သည်

ဖုန်းအဆက်အသွယ်ပြတ်သွားလို့စိုးရိမ်ကာ
ချက်ချင်းရောက်လာခဲ့သော်လည်း
တစ်လှမ်း​နောက်ကျနေခဲ့ပေသည်

NEEDFULL[家] [ COMPLETED ]Where stories live. Discover now