Episode -24 [Side Story -01]

3.7K 320 5
                                    

[ အပျိုကြီး ဘဝမှလွတ်မြောက်ခြင်း - ၁ ]

/More Cafe/

ဒီဆိုင်ကို ငါဝယ်လိုက်ရမလား
ကော်ဖီလာတာ၅ရက်မြောက်နေ့မှာ လင်းအာစဥ်းစားမိခြင်းဖြစ်သည်

ငါသာဆိုင်ပိုင်ရှင်ဆို အဲ့ကောင်လေးကို နေ့တိုင်း တွေ့ရတော့မှာပဲ

ကော်ဖီခွက်ကိုင်ပြီးထရယ်သောလင်းအာကြောင့်
ဆိုင်ထဲကလူတွေလှည့်ကြည့်လာသည်

"အို ဆောရီးပါ "

ရှက်ဖို့ကောင်းလိုက်တာ
လင်းအာ ဆိုင်ထဲမှနေထွက်လာခဲ့တော့သည်
မထွက်ခင်​ကောင်လေးကိုကြည့်ဖို့လည်းမမေ့ပေ

ကောင်လေးကမရှိပေ
ရင်နာလိုက်တာ

ဒါနဲ့ စောနက ငါကရှက်တယ်လို့ခံစားရတာလား
ပျောက်ဆုံးနေတဲ့ငါ့ရဲအရှက်တရားကိုလေ

ကိုယ့်ဘာသာသဘောတွေကျကာ
အလုပ်လုပ်ဖို့ပြန်လာခဲ့တော့သည်

ထျန်းလန် ကော်ဖီစေ့တွေကုန်လို့ ပစ္စည်းသွားယူနေတုန်း
ထိုအမျိုးသမီးကပြန်သွားလေသည်

"ဟင်း"

"ဘာတွေသက်ပြင်းချနေတာလဲ"

"အာ ဘာမှမဟုတ်ပါဘူး "

"ဘာလဲ တစ်ယောက်ယောက်ကိုစိတ်ဝင်စားနေလို့လား"

"အမ် မဟုတ် မဟုတ်ပါဘူး ဒီတိုင်း ပင်ပန်းလို့"

ထျန်းလန် သက်ပြင်းခိုးချရသည်
စိတ်ဝင်စားမိတာလား အဲ့အမျိုးသမီးကိုလေ

ကော်ဖီစဝယ်တုန်းကသူမရဲ့ပုံစံက
သူတွေ့နေကျမိန်းကလေးတွေနဲ့မတူပေ
လုံးဝကွဲပြားနေတာကြောင့် စိတ်ဝင်စားမိတာလား

၅ရက်ဆက်တိုက်တွေ့လိုက်ရတာကြောင့်လား

နောက်နေ့တွေကျတော့ သူမတွေ့ရတော့ပေ

ကော်ဖီအကြိုက်ပြောင်းသွားလို့နေမှာပေါ့
ခဏတာလာသုံးဆောင်တဲ့သူကို စိတ်မဝင်စားသင့်ဘူး
ထျန်းလန် သတိထားစမ်း

ကိုယ့်ကိုအားပေးပြီး
ကျောင်းကိုသာသွားတော့သည်

ကျောင်းပြီးလျှင် ဆရာပြန်လုပ်မည်က သူ့ရဲ့စိတ်ကူးဖြစ်သည်
အဘွားဆုံးသွားကတည်းက ကိုယ့်ဘာသာ ဘဝကိုကျောင်းခဲ့ရသည်

NEEDFULL[家] [ COMPLETED ]Where stories live. Discover now