(Version-1) Episode - 29

3.2K 379 13
                                    

[ ကိုကို့ ကို အပြစ်ပေးရမယ် ]

ကျင့်သားရနေသောကိုယ်က
အချိန်မှန်နိုးထလာသည်

မဆိုသလောက်ကိုက်နေသောခေါင်းအား ဖိပြီး
မျက်လုံးဖွင့်ကြည့်တော့ မရင်းနှီးတဲ့ပတ်ဝန်းကျင်

ရှောင်းကျန့် !

ထမယ်ကြံကာမှ လေးလံနေသောရင်ခွင်ကြောင့်
ကြည့်မိတော့ အိပ်ပျော်နေတဲ့သူကိုတွေ့လိုက်ရသည်

ရှည်လာတဲ့ဆံပင်တွေက မျက်လုံးကိုဖုံးအုပ်လုနီးပါး
ဆံပင်ညှပ်ဖို့ ပျင်းရိနေတဲ့သူကို ဘယ်လိုနားချရမှန်းမသိ

မနေ့ကအဖြစ်အပျက်တွေကိုတွေးမိတော့
ရေနွေးနဲ့အလောင်းခံလိုက်ရသလို ခံစားလိုက်ရသည်

လွတ်နေသောလက်ဖြင့် မျက်နှာအား ဖုံးအုပ်ထားမိသည်

ဝမ်ရိပေါ်
မင်းကကလေးနဲ့အပြိုင်သဝန်တိုစရာလား
မရှက်ဘူးလား !

မနေ့ကဖြစ်ပျက်သွားသောရိပေါ်အား
အသိစိတ်ဝင်လာသော ဝမ်ရိပေါ်က ဆူပူနေခြင်းဖြစ်သည်

လှုပ်ရွလာသောကိုယ်ကြောင့် အိပ်ချင်ယောင်ဆောင်ပြီး
နေလိုက်သည်

ရှောင်းကျန့် နိုးလာပြီးရိပေါ်ကိုကြည့်တော့
မနိုးသေးပေ

ခြစ်ရာကင်းမဲ့သော မျက်နှာလေးအား ခပ်ဖွဖွပွတ်သပ်ပြီး
အိပ်ရာထသွားသည်

ရှောင်းကျန့် အခန်းထဲကထွက်သွားသံကြားမှ
အိပ်ရာကနေထထိုင်တော့သည်

လက်နှစ်ဖက်အားခေါင်းတွင်တင်ပြီး
နောင်တရနေတဲ့အမူအရာနဲ့

"ရှက်ဖို့ကောင်းလိုက်တာ !!"

အခန်းထဲမှထွက်လာသော ရှောင်းကျန့်ကို
လင်းအာကစကားပြောသည်

"အစောကြီးနိုးတာပဲ
မနေ့ကဘာလို့ ပြန်မလာတာလဲ ရှီးချန်ကောတို့ စောင့်ရတာအကြာကြီးပဲ"

"ငါမေ့သွားလို့ပါ ဒါနဲ့ ရှီးချန်ကောကဘယ်အချိန်ပြန်သွားတာလဲ
ထျန်းလန်ရော "

"သိပ်နောက်မကျခင်ပြန်သွားတာပဲ လန်အာက
ကျောင်းသွားပြီလေ "

"အော် "

"ရိပေါ်ကမနိုးသေးဘူးလား မနေ့ကတော်တော်များသွားတယ်နဲ့တူတယ်"

NEEDFULL[家] [ COMPLETED ]Όπου ζουν οι ιστορίες. Ανακάλυψε τώρα