(Version-1) Episode - 34

2.5K 317 2
                                    

[ သံသယ ]

အိပ်ပျော်နေသော ရှောင်းကျန့် အား
ငေးကြည့်နေသော ဝမ်ရိပေါ်

ဘေးနားမှာရှိတဲ့ ရှီးချန် ကတော့
တိတ်နေလျက်

"ဘယ်သူ့လက်ချက်လဲဆိုတာ ရှီးချန်ကော သိလား "

"အင်း ဝူဖန်းရီ မသေသေးဘူး "

"အော် "

အော် ဟုတစ်လုံးတည်းဆိုကာ
အတွေးထဲနစ်မျောသွားသောရိပေါ်
ခဏနေတော့ နှလုံးသားထဲထိအေးစက်စေတဲ့
စကားတစ်ခွန်းကိုပြောလေသည်

"သေအောင်သတ်ပေးရမှာပေါ့ "

ရှီးချန် ဘာမှမပြောပေ

ရက်အနည်းငယ်ကြာတော့
ရိရှောင်ကျွန်းမှ ရှောင်းအိမ်တော်သို့ပြန်လာခဲ့သည်

ကျန်နေသေးသည့်ကျွန်းရဲ့ကိစ္စအဝဝကို
ရိပေါ်ကသာဆက်ပြီးဆောင်ရွက်ကာ လက်စသတ်လိုက်သည်

ရှောင်းကျန့် တစ်ယောက်တည်း အိမ်ထဲတွင် အကျယ်ချုပ်ကျနေသလို ခံစားနေရသည်

သို့ပေမဲ့ ရွမ်ရွှမ်နဲ့ထျန်းလန်က အနားမှာရှိတာကြောင့်
ပျင်းရိတယ်လို့မခံစားရပေ

ထျန်းလန်တစ်ယောက် ထမင်းစားသည့်အချိန်တွင် ကလေးနှစ်ယောက်ကိုထိန်းနေရသလိုပင်

ကျန်သည့်အချိန်များတွင် ရွှမ်ရွှမ်က ရှောင်းကျန့် အနားမှာပဲကပ်ကာ ငြိမ်ငြိမ်လေးနေနေတတ်သည်

အော်ငိုခြင်းကင်းမဲ့ကာ တခစ်ခစ်ရယ်လျက်
အဖေဖြစ်တဲ့မိမိကသဝန်အနည်းငယ်တိုပေမဲ့လို့
စိတ်ချမ်းသာပါတယ်လေ

ရှောင်းအိမ်တော်ထဲသို့ ဖိတ်မခေါ်ပါဘဲရောက်လာသောသူ
လျိုဝေရိ

ရှောင်းကျန့်ကြောင်အသွားပေမဲ့
အိမ်ရှင်ဖြစ်နေသောကြောင့်
အိမ်ထဲသို့ခေါ်လာခဲ့သည်

"လျိုမိန်းကလေး က ဘာကိစ္စများရှိလို့လဲ"

"သူဋ္ဌေးဝမ်က ကျန်ခဲ့တဲ့စာရွက်စာတမ်းကို ယူခိုင်းလိုက်လို့ပါ "
"ရိပေါ်က "

ရှောင်းကျန့် ရိပေါ်ယူခိုင်းတယ်ဆိုတာကြောင့်
ဘာမှမပြောတော့ဘဲ စာရွက်စာတမ်းတစ်ချို့ယူပေးလိုက်သည်

NEEDFULL[家] [ COMPLETED ]Where stories live. Discover now