(Version -1) Episode - 38 [ Final ]

6.3K 430 18
                                    

[ အဖြူရောင်ပန်းစည်းလေးနှစ်စည်း ]

ဝမ်းနည်းမှုကြီးစိုးနေသော ရှောင်းကျန့် မှာ
သတိရလာသောအခါ အရူးတစ်ယောက်လို ထိန်းမနိုင်ဖြစ်နေခဲ့သည်။

လုပ်ငန်းစုအတွက် အလုပ်ရူပ်နေသော ရိပေါ်မှာ
ရှောင်းကျန့် ကို ဂရုစိုက်မအားဘဲ ပြဿနာတွေကိုအရင်ရှင်းလင်းနေရသည်။

လျိုလုပ်ငန်းစုမှာမကြာခင်ကွယ်ပျောက်သွားပြီး
လျိုဝေရိဟာလည်း ထောင်နန်းစံခဲ့ရသည်။

ပြန်လည်အဆင်ပြေလာသောလုပ်ငန်းစုအတွက်
ရှီးချန် ကို သေချာအပ်နှံပြီး သူက အိမ်သို့ပြန်ကာ
ရှောင်းကျန့် ကို စောင့်ရှောက်ရမည်။

အိမ်ထဲသို့ဝင်လိုက်သည်နှင့်ကြားရသော ပစ္စည်းတွေ ကျကွဲသံများ ရိုက်ခွဲသံများ နှင့်အတူ ပြိုလဲသံများ

ရူပ်ပွနေသောပစ္စည်းပုံထဲတွင်
ကိုယ်ကိုကျုံ့ကာ ထိုင်နေသော ရှောင်းကျန့်
လက်တွေမှလည်း သွေးတွေများစွာစွန်းပေလို့

"ကိုကို "

"ရိပေါ်လား ရိပေါ်"

သူခေါ်လိုက်သည်နှင့် အသိပြန်ဝင်လာသော ရှောင်းကျန့်
ကြမ်းပြင်မှာရှိနေတဲ့ဖန်ကွဲစတွေကိုလည်း ဂရုမထားဘဲ လှမ်းရန်ပြင်နေသည်။

"ကိုကို အဲ့မှာနေ "

ရှောင်းကျန့်ဆီသို့သွားကာ တုန်ရီကာငိုရိူက်နေသော ကိုယ်လေးကိုဖက်ထားပေးသည်။

"ဒီနေ့လက်တွေပါထိကုန်တာလား"

"ရိပေါ် ရိပေါ် "

"ကျွန်တော်ရောက်ပြီ စိတ်လျော့လိုက်တော့"

မျက်ရည်တွေစိုစွတ်နေတဲ့မျက်တောင်များက
ဖြည်းညင်းစွာမှိတ်သွားပြီး ရိပေါ်ရင်ခွင်ထဲ ပြိုလဲကျသွားသည်။

"မင်ရှုန်း ရိရှောင်ကျွန်းကိုသွားမယ် လက်မှတ်ပြင်ထား "

ရင်ခွင်ထဲမှ လူအား အခန်းထဲသို့ခေါ်လာပြီး
သန့်ရှင်းပေးသည် ။ တစ်ချက်တစ်ချက်ရိူက်သံတွေထွက်ကာ
သူ့အားငေးကြည့်နေသော ရှောင်းကျန့်

"ရိပေါ် ဒီလက်တွေနဲ့ ငါ အမေ့ကို "

"ကိုကို"

NEEDFULL[家] [ COMPLETED ]Dove le storie prendono vita. Scoprilo ora