(Version-1) Episode - 32

2.8K 332 9
                                    

[ လုပ်ကြံမှုတစ်ခုမှအစပြု၍ ]

ရှောင်းကျန့် အင်္ကျီတွေပြင်နေတာမြင်တော့
ရိပေါ်ကမေးလာသည်

"ဘယ်သွားမလို့လဲ"

"အော် ရိရှောင်ကျွန်းပေါ်မှာ မုန်တိုင်းကြောင့် ပြဿနာတက်သွားတယ် ငါထင်တယ် ယုံလေးအခုချိန်လောက်ဆို ပျာယာခတ်နေမှာ "

"အဲ့ဒါကြောင့် သွားမယ်ပေါ့"

"အင်း "

ထုပ်ပိုးပြီးသွားသောအခါ ရှောင်းကျန့်
ကုတင်ပေါ်တွင်ထိုင်ရင်း ရိပေါ်ကိုခေါ်သည်

"ဒီကိုလာ"

ရှောင်းကျန့် ရှေ့တွင်ဒူးထောက်လိုက်ပြီး
ခါးကိုဖက်ထားသည်

"ဒါကဘယ်လိုဖြစ်ရပြန်တာလဲ"

ရိပေါ်စကားမပြောဘဲ ဗိုက်ပေါ်သို့မျက်နှာကပ်ထားသည်

"ရိပေါ် စားပွဲပေါ်မှာ လျိုလုပ်ငန်းစုအတွက်
ကမ်းခြေစီမံကိန်း ဆွဲပြီးပြီ "

"....."

"နားထောင်နေလား ရိပေါ်"

"................"

"ရိပေါ် ဘာဖြစ်လို့လဲ မင်း မသွားစေချင်ရင်လည်း
ရိရှောင်ကျွန်းကို ရိပေါ်သွားလိုက် ကော လျိုလုပ်ငန်းစုနဲ့စာချုပ်ချုပ်လိုက်မယ်"

"လျိုလုပ်ငန်းစု နဲ့ စာချုပ်သွားချုပ်မယ်
ရိရှောင်ကျွန်းကိုသာ သွား "

"ဟုတ်ပါပြီ ငါ့ကိုကြည့်ပါဦး"

"........"

"ရိပေါ် မင်းက ကလေးလား"

"ကလေးပဲလုပ်လိုက်ရမလား"

ရုပ်သေကြီးနဲ့အဲ့စကားပြောတဲ့အခါ ကြားရတဲ့လူတိုင်းရယ်ချင်မည်ဖြစ်သော်လည်း

ရှောင်းကျန့် ကတော့ မရယ်ဖြစ်

အခုတလောရိပေါ် အနားမှာဆင်ကော်လိုကပ်နေသည်
အကြောင်းအရင်းမယ်မယ်ရရမရှိပေမဲ့လို့
သူ့စိတ်ထဲ ရိပေါ် စိုးရိမ်မှုလွန်ကဲနေတယ်လို့ ခံစားနေရသည်

"ငါ့ကိုဖုံးကွယ်ထားတာရှိလား ရိပေါ် "

မျက်နှာအား လက်ခုပ်ထဲတွင်ထည့်ပြီးမေးတော့

NEEDFULL[家] [ COMPLETED ]Where stories live. Discover now