Episode - 16

4.2K 488 7
                                    

[ ငါ ပင်ပန်းနေပြီ ]

လင်းအာ ပြောပြီး ထွက်လာခဲ့သည်

အားကိုးရှိတိုင်းမာန်တက်နေတဲ့ဟာတွေ
သိပ်ကိုသနားဖို့ကောင်း

လင်းအာ ထွက်လာသော်လည်း
​နောက်ကနေပါမလာသောသူကြောင့်
လက်ကိုဆွဲပြီးခေါ်လာရသည်

တာဝန်ရှိသူနဲ့တွေ့ပြီး ဒီကောင်လေးလာရင်
ထပ်ပြီးလက်မခံဖို့နဲ့လုပ်အားခတွေ​တောင်းလာခဲ့သည်

တုန်ရီနေတဲ့ကိုယ်လေးနဲ့သွေးပျက်နေသောမျက်နှာ
သူ့ကိုပြုံးပြဖူးတဲ့အပြုံးလေးကတောင်
ဘယ်ချောင်ကပ်နေမှန်းမသိ ကွယ်ပျောက်လျက်

ဝိုင်တွေစိုနေတဲ့အကျီကြောင့်ကောင်လေးရဲ့ကိုယ်က
စွဲမက်ဖွယ်ရာပင်
ကျန့်ရဲ့ကောင်လေးလောက်မဖြူပေမဲ့
နှစ်လိုဖွယ်အသားအရည်နဲ့ ကလေးလိုမျက်နှာပေါက်လေးနဲ့
အနိုင်ကျင့်ခံထားရလို့ ငိုယိုနေတဲ့ ကလေးပေါက်စလေးလို
ကြောင်လေးလို

သူပဲထင်နေတာမဟုတ် ကလပ်ထဲကလူတွေရဲ့အကြည့်ကလည်း
ကောင်လေးပေါ်စုပုံနေလို့

ငါလေငါ့ရဲ့ကုတ်ကိုနို့နံ့မစင်တဲ့သူအတွက်
ချွတ်ပေးရလိမ့်မယ်လို့မထင်ခဲ့ဘူး

သူ့ရဲ့ကုတ်ကိုကောင်လေးရဲ့ခေါင်းပေါ်အုပ်လိုက်သည်
ဒီလိုအပြစ်ကင်းစင်တဲ့မျက်နှာကိုမမြင်ရရင်
သိပ်ပြီးအန္တရာယ်မရှိဘူး

အရပ်လေးကသူ့ထက်မဆိုသလောက်ပဲရှည်လို့
တော်သေးတာပေါ့ မဟုတ်ရင် ခြေဖျားထောက်ပြီး
ခြုံနေရမယ်

ထျန်းလန်တစ်ယောက်
တုန်လှုပ်နေပြီး မူးဝေနေသည်
သူ အရက်ကိုလုံးဝမသောက်ဖူးပေ

အနံ့တွေကိုတောင်
မနည်းယဉ်အောင်လုပ်နေရတဲ့အနေအထားမှာ
ဝိုင်ပုလင်းလိုက်လောင်းချခံရသောအခါ
မသောက်ဘဲမူးနေသည်

သူ့လက်ကိုဆုပ်ကိုင်ထားတဲ့လက်က
လုံခြုံစေတယ်လို့ခံစားရသောကြောင့်
ထိုလက်ကိုသာစိုက်ကြည့်နေခဲ့သည်

လင်းအာ ကောင်လေးကိုကားပေါ်သို့တင်လိုက်သည်
အသိစိတ်မရှိသေးတဲ့သူကို အိမ်လိုက်ပို့ရအောင်လည်း
အိမ်ကမသိ သူ့အိမ်ကိုခေါ်သွားရမည်

NEEDFULL[家] [ COMPLETED ]Where stories live. Discover now