Season-2(Version-1) Episode - 27

4.1K 394 8
                                    

[ အချိန်တွေကုန်လွန်သွားပြီးနောက် ]

သုံးနှစ်ကြာပြီးနောက်

ရှောင်းလုပ်စုဦးစီးရသောအပန်းဖြေစီမံကိန်းမှာ
အဆင်ပြေစွာဖြင့်ပြီးဆုံးသွားခဲ့ပြီးနောက်
အောင်မြင်ကျော်ကြားလာခဲ့သည်

စတော့စျေးကွက်မှာလည်းထိုးပေါက်လာပြီး
ရှောင်းလုပ်စုမှာအရင်ကထက်ပိုပြီး တိုးတက်လာခဲ့သည်

ကျော်ကြားသောလုပ်ငန်းစုကို အုပ်ချုပ်နေတဲ့သူတွေကတော့

သူတို့ရဲ့အိမ်လေးတွင် သာမန်မိသားစုလေးတွေလို နေနေကြသည်ကို မည်သူမှယုံမည်မဟုတ်ပေ

နွေဦးရာသီကိုကျော်လွန်ပြီး နွေရာသီသို့ရောက်လာသည်

ဝေဆာနေတဲ့မက်မွန်ပန်းတွေကလည်း လေတိုက်တိုင်းမွှေးပျံ့နေသည်

ရှပ်အဖြူနဲ့အနက်ရောင်စတိုင်ပန်
ဝတ်ဆင်ထားတဲ့လူတစ်ယောက်
ရှပ်ရဲ့လက်ကိုတစ်ဝက်တိတိခေါက်တင်ထားပြီး
စတိုင်ပန်ကိုလည်းခြေသလုံးပေါ်အောင်ပြုလုပ်ထားသည်

ဂုတ်ထောက်ခါစဆံပင်လေးတွေက ခပ်အုပ်အုပ်ဖြစ်နေတယ်
ပေါ့ပါးတဲ့လူငယ်တစ်ယောက်လို မက်မွန်ပန်းပင်အောက်
အဝတ်လျော်ကန်ထဲရှိ
အိပ်ရာခင်းတွေကိုခြေထောက်နဲ့နင်းပြီး
လျော်နေတဲ့လူတစ်ယောက်

သူ့နောက်မှ တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားသော လူတစ်ယောက်က
အကျီလက်တွေ ဘောင်းဘီလက်တွေ ခေါက်တင်ပြီး
ပုံသွင်းထားတဲ့ဆံပင်ကိုဖွလိုက်ကာ ထိုသူဆီလာခဲ့သည်

"ကျန့်ကော ထပ်ပြီး လျော်နေပြန်ပြီလား "

လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်

"အင်း ပျော်ဖို့ကောင်းတယ်လေ "

"အအေးမိမယ်လေ ညက "

"ရိပေါ်!"

"အတူနေတာပဲကြာပြီကို အခုထိရှက်တုန်းပဲလား"

မျက်စောင်းလေးဝင့်ကာနဲ့ လှန်ပြီးကြည့်တော့
ရိပေါ်အသည်းတွေယားရသည်

"ဟုတ်ပြီ မစတော့ဘူး ဒါပေမဲ့ အခုထွက်ခဲ့တော့
ဖျားသွားမှာ မလိုလားဘူး "

NEEDFULL[家] [ COMPLETED ]Where stories live. Discover now