(Version-1) Episode - 33

2.6K 353 4
                                    

[ ငါပိုင်တဲ့လူကိုထိရဲတယ် ]

ရိပေါ် လျိုလုပ်ငန်းစု နဲ့ မပတ်သတ်ချင်သော်လည်း
စီမံကိန်း အား စိတ်ဝင်စားသော သူကြောင့်
ချုပ်တည်းသည်းခံကာ

စာချုပ်ချုပ်ရန်ထပ်ပြီး လျို့ဝေရိနဲ့တွေ့ဆုံရပေသည်

ခရမ်းရောင်ကိုယ်ကျပ်အင်္ကျီက
ဝေရိရဲ့ကိုယ်ကောက်ကြောင်းကို အတိုင်းသားပေါ်စေပြီး
ပုရိသတွေရဲ့မျက်လုံးများက ဝေရိရဲ့ကိုယ်ပေါ်မှမခွာနိုင်
ဖြစ်နေသည်

ထိုထဲတွင်ရိပေါ်တော့မပါပေ
သူ့မျက်လုံးထဲတွင်တော့ ထိုမိန်းကလေးသည်
စာခြောက်ရုပ်အဝတ်ပတ်ထားသလိုပင်

"ကျွန်မရဲ့တောင်းဆိုချက်ကိုလက်ခံလိုက်ပြီလား "

"ဒီမှာ စီမံကိန်းစာချုပ် "

အချက်အလက်များကပြည့်စုံပြီး
အပြစ်ပြောစရာမရှိ

"သူဋ္ဌေးရှောင်းကတော့တကယ့်ကိုစံပါပဲ
အရမ်းသဘောကျတယ် "

ရိပေါ် စိတ်ထဲ မကျေနပ်ပေမဲ့
အပြင်ဘက်တွင်တော့ အေးစက်စက်ရေခဲငွေ့များကို
ထုတ်လွှတ်နေသည်

စားစရာလာချပေးသောဝိတ်တာလေးမှာ
ကျောရိုးထဲသို့စိမ့်အေးသွားကာ
ထိုဝိုင်းမှလျင်မြန်စွာထွက်သွားသည်

လက်မှတ်ထိုးပြီးသည့်အထိ စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းရင်း
ထွက်လာခဲ့တော့သည်

နောက်တွင်ခေါ်နေသောသူမရဲ့အသံကို
နားထောင်ချင်စိတ်ကိုမရှိ

သို့သော် သူမရဲ့ပါးစပ်မှ ရှောင်းကျန့်ရဲ့နာမည်ထွက်လာသည်

"သူဋ္ဌေးရှောင်းကိုပြောပေးပါဦး
အရမ်းသဘောကျပါတယ်လို့ "

ထိုစကားပြောပြီး ချော်လဲချင်ယောင်ဆောင်ကာ
ရိပေါ် ပေါ် မှီလာသည်

ရှောင်တိမ်းလိုက်သောအခါ ဝေရိဟန်ချက်ပျက်သွားကာ အောက်သို့ပြုတ်မကျဘဲ ကြိုသိနေတဲ့အလား
ရိပေါ်ရဲ့အင်္ကျီကိုဆွဲကာ ရင်ခွင်ထဲဝင်လိုက်သည်

"ဖမ်းပေးထားလို့ကျေးဇူးပါနော်"

ရိပေါ် တွန်းထုတ်ချိန်တောင်မရဘဲ သူမကထွက်ခွာသွားလေသည်

NEEDFULL[家] [ COMPLETED ]Where stories live. Discover now