(Version-1) Episode - 31

3K 339 31
                                    

[ ထင်ယောင်ထင်မှားများလား ]

လင်းအာ ရွှမ်ရွှမ် အား ကလေးထိန်းတွင်အပ်ခဲ့ပြီး​နောက်
ထျန်းလန်ရဲ့ကျောင်းသို့ လိုက်သွားရန်ပြင်ဆင်နေသည်

တစ်ခါမှထျန်းလန်သင်သော ကျောင်းသို့မရောက်ဖူးတာကြောင့်လည်းပါသည် ပြီးတော့
ကိုယ့်ယောကျာ်းဘယ်လောက်ချောလဲ သိချင်လို့

ပန်းအပွင့်သေးသေးလေးများစွာပါသော
ဂါဝန်အညိုရောင်လေးနှင့် ထိပ်ပိတ်ဖိနပ်အညိုလေး
တစ်ခါမှမလွယ်ဖူးတဲ့ ဘေးလွယ်နဲ့အိတ်လေးကိုလွယ်
မျက်မှန်လေးတပ်ပြီး ကျောင်းသို့လာခဲ့သည်

မဝတ်ဖူးတာတွေဝတ်လို့လားမသိ နေရခက်သလိုလိုပဲ

ကျောင်းရှေ့မရောက်ခင် ဖုန်းကြိုဆက်လိုက်သည်

ကျောင်းဝန်းထဲ ဟိုရှာဒီရှာမလုပ်ရအောင်လို့ပေါ့

ကားအဖြူလေးအား ပေါ့ပါးစွာ ပါကင်ထိုးရင်း
ကျောင်းဝင်းထဲသို့လှမ်းလာသည်

အင်း အခုခေတ်ကလေးတွေတော်တော်ချောကြတာပဲ

အရောင်စုံနေတဲ့ လူငယ်လေးတွေကိုကြည့်ပြီး
လင်းအာ မျက်စိအစာကျွေးနေမိသည် ဒါပေမဲ့ငါ့ရဲ့လန်အာကိုတစ်ယောက်မှမမှီဘူး

အဖြူထည်းလေးလန်အာ
ညစ်တီးညစ်ပတ်စကားတွေပြောလိုက်ရင်
ပါးစပ်ကိုလာပိတ်လို့ နောက်မပြောရဘူးဆိုပြီး ဆူတတ်တာလေးတွေ ဆင်ဆာ(under 18) တွေပြောရင်လည်း
နားရွက်တွေရဲပြီးရှက်သွားတာလေးတွေ
တွေးရင်းနဲ့သတိရလာပြန်ပြီ

လက်လေးနောက်ပစ်ကာ ဟိုလျောက်ဒီလျောက်လုပ်နေတော့
ကျောင်းသားတစ်ချို့က အနားကိုရောက်လာပြီး

"ဟို wechat accလေးaddလို့ရမလား "

ရှက်ကိုးရှက်ကန်းဖြစ်နေသော ကောင်လေးတွေ

လင်းအာ အရင်ကအကျင့်များပြန်ပေါ်ချင်လာသလို
ရိသဲ့သဲ့လုပ်ချင်လာသည်

အပြုံးလေးဖြင့်စကားစမယ်ကြံကာရှိသေး

သူ့ကိုလက်လှမ်းပြကာပြေးလာသော လန်အာ

"လင်း "

"ဆရာထျန်း မင်္ဂလာပါ "

"အေးအေး လန်အာ ကိုယ်တို့သွားမယ်လေ"

NEEDFULL[家] [ COMPLETED ]Where stories live. Discover now