(Version -1) Episode - 28

3.5K 388 8
                                    

[ မသိထားသောလျှို့ဝှက်ချက် ]

ရာသီဥတုသာယာတဲ့နေ့ပေမဲ့
ရိပေါ်တစ်ယောက်တည်းမုန်တိုင်းထန်နေသည်

ရှောင်းကျန့် လိုချင်တဲ့ ခရမ်းရောင် oxalis အပင်တွေ
ဝယ်လာပေမဲ့ အိမ်တွင်လူမရှိပေ

အလုပ်မှအနားပေးလိုက်သော အားရီ(အဒေါ်လီ) ကလည်း ရွာပြန်သွားသောကြောင့် သူ့မှာ
ဘယ်သူ့ကိုသွားမေးရမှန်းမသိပေ

အနောက်မှအရိပ်လိုလွှတ်ထားသောလူကိုသာ
ဖုန်းဆက်ပြီးမေးရတော့သည်

လက်စသတ်တော့ လင်းအာအိမ်မှာကို

အရင်က ဆတ်ဆတ်ကြဲလင်းအာဟာ အခုဆို ကလေးလေးတစ်ယောက်ရဲ့အမေဖြစ်နေတော့သည်

ကလေးချစ်တတ်သော ရှောင်းကျန့် က
အလုပ်နားပြီးနောက်ပိုင်း ပန်းချီဆွဲရင်ဆွဲ
မဆွဲလျှင် လင်းအာအိမ်သို့သွားကာ
ကလေးနဲ့သွားဆော့နေသည်

တစ်နှစ်ခွဲသမီးလေး ရွှမ်ရွှမ်ဟာ ထျန်းလန် နဲ့ လင်းအာတို့ရဲ့
နှလုံးသားလေး

ရှောင်းကျန့် ကလည်း တုန်နေအောင်ချစ်သည်

သူ့ကိုတောင်တစ်ခါတလေမေ့လျော့တဲ့အထိ
ကလေးနားကိုသာသွားနေသည်

အလုပ်မှပြန်လာလျှင် အမြဲတွေ့နေကြလူက
ရွှမ်ရွှမ်လေးမွေးပြီးနောက်ပိုင်း သိပ်မတွေ့ရပေ

ရိပေါ်လက်ထဲကအိုး​​လေးအား တင်းကြပ်စွာ ဆုပ်ကိုင်ပြီးမှ

"ဒါ ကော လိုချင်တဲ့အပင် စိတ်ထိန်း "

အိမ်စောင့်အား သေချာမှာကြားပြီး
လင်းအာအိမ်သို့ကိုယ်တိုင်ကားမောင်းလာခဲ့သည်

လမ်းတစ်ဝက်မှာ ရှောင်းကျန့်အား ဖုန်းဆက်တော့
ဝိုင်ဝယ်ခဲ့ဖို့လှမ်းမှာသည်

"ရောက်လာပြီလား ရိပေါ် "

ခြံထဲတွင်ပါတီပွဲအသေးစားလေးကျင်းပနေသော
ရှောင်းကျန့်တို့အုပ်စု

ဘေးနားရှိကျုးလစ်အဖြူတွေကလည်း
လေတိုက်တိုင်းယိမ်းနွဲ့လို့

အရင်ကမြင်ခဲ့သောကျုးလစ်ရောင်စုံတွေအစား
အဖြူရောင်တစ်မျိုးတည်းကိုသာတွေ့ရတော့သည်

NEEDFULL[家] [ COMPLETED ]Where stories live. Discover now