Episode - 21

4.3K 500 11
                                    


[ မင်းနဲ့ပတ်သတ်ရင် ဆင်ခြင်နိုင်စွမ်းတွေကင်းမဲ့လို့ ]

ရက်အတော်ကြာ ရိပေါ်ဟာ ရှောင်းကျန့် ကိုရှောင်နေခဲ့တယ်
ဘာကြောင့်လဲဆိုတာတော့ သူမသိပေ

သူ့ရဲ့သွေးသားဆန္ဒကြောင့်လား
မဟုတ်ပေ ရှောင်းကျန့်အပေါ်ထားတဲ့စိတ်ကြောင့်ဖြစ်သည်

ဒီလိုကိစ္စမျိုးကိုသူလုံးဝမသိပေ
လိုလည်းမလိုအပ် ဖြစ်လည်းမဖြစ်သင့်ဘူးဟု
တွေးမိတာကြောင့် sexပိုင်းအား ရှောင်နေခဲ့ခြင်း

သိုသော်ဖြစ်သွားခဲ့သည့်ကိစ္စတွင် သူနားလည်သလိုရှိလာပေမဲ့
ဘယ်လိုဖြေလျော့ရမှန်းမသိသေးချေ

ရှာဖွေလို့ရမှန်းသိသော်လည်း သူမရှာရဲ

ရှောင်းကျန့် ကိုရှောင်နေခဲ့သော်လည်း
ဂရုစိုက်ရမည့်တာဝန်များကိုတော့ ပျက်ကွက်ခြင်းမရှိပေ

ဒီနေ့ အိမ်စောစောပြန်ရမည် ရှောင်းကျန့် က ခေါက်ဆွဲစားချင်တယ်လို့ပြောသည့်အတွက်ကြောင့်ပင်

ရိပေါ် အိမ်ကိုပြန်လာတော့
ရှောင်းကျန့် က ရှီးချန်ကောနဲ့စကားပြောနေသည်

အိတ်ကိုသွားထားပြီး အပေါ်ကြယ်သီးသုံးလေးလုံးချွတ်ကာ
အေပရွန်ကိုဝတ်သည်

ကဲ ​ခေါက်ဆွဲလုပ်ရမယ့်အချိန်ပဲ

"ဒီတစ်ခါဖြစ်သွားတဲ့ကိစ္စကသူတို့အတွက်တော်တော် အထိနာသွားတယ် ကျန့် သတိထားနေဦး "

"အင်း တစ်ခုလုပ်စရာရှိတယ်
သူတို့ရဲ့တရားမဝင်လုပ်ငန်းထဲက ရွံစရာတစ်ခု"

"အဲ့ကလေးတွေကိုမတွေ့တွေ့အောင်ရှာနေတယ်
ဆိပ်ကမ်းဘက်မှာအများစုအခြေစိုက်မယ်လို့ ငါထင်တယ်"

"ကျွန်တော်လည်းထင်ပါတယ် ဒါပေမဲ့ အယောင်ပြဖြစ်နေမှာစိုးတယ် "

"လင်း စုံစမ်းလို့ပြီးမှပဲ ဆက်ပြီးလုပ်ကြတာပေါ့
ငါသွားတော့မယ် "

"အင်း"

တစ်ယောက်တည်းအလုပ်ရူပ်နေသော
ရိပေါ်ကိုတစ်ချက်ကြည့်ပြီး
ရေချိုးရန်အခန်းထဲသို့ဝင်သွားလေသည်

NEEDFULL[家] [ COMPLETED ]Where stories live. Discover now