Episode - 12

4.9K 586 6
                                    

[သဝန်တိုခြင်း (သို့) အနမ်းတစ်ပွင့်]

ရှောင်းကျန့် ကိတ်လေးတွေရှေ့စာဖတ်နေသောသူဆီသို့
ရောက်လာသည်

ခရင်းလေးနဲ့ကိတ်လေးတွေကိုပြင်ပေးထားသည်
စာဖတ်နေတဲ့သူကစာအုပ်ထဲနစ်ဝင်တော့မယ့်အလား
ထို့အတူအခန်းအပူချိန်ကလည်းအေးစက်နေသယောင်

ရှောင်းကျန့် ဘာမှမပြောဘဲ ကိတ်တွေကိုသာထိုင်စားနေသည်

လင်းအာပြောသွားတဲ့စကားအရဆို
ကောင်လေးက ဘာလို့အဲ့လိုကြည့်တာလဲ

စားနေရင်းနှာကချေသည်

ဟတ်ချိုး~

ထိုအခါမှသာစာအုပ်နဲ့ချစ်သူလိုဖြစ်နေသောရိပေါ်
အသိဝင်လာသည်

"အေးနေလို့လား ဘာလို့အပေါ်ကခြုံထည်ကိုချွတ်ထားတာလဲ"

"အမ် "

"တကယ်ကို"

စားလက်စကုန်ခါနီးကိတ်ကိုသူရှေ့ကဖယ်သွားသည်
ထို့အတူသူ့ကိုလည်းစားဖိုဆောင်ထဲကနေ မီးလင်းဖိုရှေ့သို့ချီသွားလေသည်

မဟုတ်သေးဘူး ငါနေကောင်းနေပါပြီ

ပေကျံနေသောကိတ်အစလေးများကို သေချာသုတ်ပေးပြီး
လက်ထဲသို့လက်ဖက်ရည်ခွက်လေးထည့်ပေးသည်

"နည်းနည်းလေးတောင်အအေးခံလို့မရဘူး
ဒီနှစ်ဆောင်းကိုဘယ်လိုဖြတ်သန်းမလဲ"

"အရင်နှစ်ကအတိုင်းပဲပေါ့"

"ကိုယ့်ကိုဂရုမစိုက်ဘူးလား"

"မင်းဂရုစိုက်ပေးပေါ့"

ပြောလိုက်တဲ့စကားထဲဘာများအမှားပါသွားလို့လဲမသိ
ရိပေါ်တိတ်သွားသည်

သက်ပြင်းချပြီးရှောင်းကျန့်ရှေ့ဝင်ထိုင်သည်
လက်ဖက်ရည်ပူပူလေးကိုကိုင်ထားသောကြောင့်
လက်လေးတွေကနွေးနေပြီ

ခြေအိတ်မဝတ်ထားတဲ့​ခြေထောက်တွေက
အေးစက်နေမှန်းရိပေါ်သိတာကြောင့်
ခြေအိတ်ကိုဝတ်ပေးနေသည်

ခြေအိတ်ဝတ်ရမှာကိုပျင်းတဲ့သူ
အကြောင်းက လမ်းလျောက်ရတာမလွတ်လပ်လို့တဲ့

ခြေချောင်းဖြူဖြူလေးတွေကိုကြည့်ပြီး
ဂရုတစိုက်ဝတ်ပေးသည်

NEEDFULL[家] [ COMPLETED ]Where stories live. Discover now