Episode - 15

4.3K 551 8
                                    

[ ရှောင်းလုပ်ငန်းစုမှလူ၃​ယောက်အကြောင်း]

ပြိုလဲလုနီးပါးဖြစ်နေတဲ့စီမံကိန်းက
ရှောင်းကျန့် လက်အောက်မှာပြန်ပြီးတည်ငြိမ်လာသည်

သူ့ရဲ့ကျန်းမာရေးကတော့ စိုးရိမ်ဖွယ်

ပြန်ပြီးတည်ဆောက်နေတဲ့ အခြေအနေကို
စစ်ဆေးပြီးနောက်
ရှောင်းကျန့် လဲကျသွားသည်

"သူဋ္ဌေးရှောင်း!!!!!!!"

အော်ဟစ်ကာခေါ်နေတဲ့သူတွေရဲ့အသံကို
ဝေဝါးစွာကြားနေရတယ်

သူအရမ်းကိုပင်ပန်းနေရပြီ
အရာအားလုံးကို လွှတ်ချချင်နေခဲ့သည်

"သား အဖေမရှိတော့ရင်တောင် ရှောင်းလုပ်ငန်းစုကို
ကာကွယ်ပေးပါ ဒါက မကျေပွန်ခဲ့တဲ့အဖေ့ရဲ့တာဝန်ကို
သားဖြည့်ဆည်းပေးပါ "

မျက်တောင်စိပ်စိပ်တွေကာရံထားတဲ့မျက်ဝန်းတွေက
ပွင့်လာသည်

နေရောင်ကိုထိတွေ့မိတော့အသားမကျသလို
ပြန်ပြီးမှိတ်သွားသည်

စကားပြောရန်အားယူလိုက်သော်လည်း
ခြောက်သွေ့နေသောလည်ချောင်းကြောင့်
ခက်ခဲနေသည်

တပ်ထားတဲ့အောက်စီဂျင်မက်စ်ကို
ဖြုတ်ဖို့အားတောင်မရှိပေ

ဟင်း~

ထပ်ပြီးမေ့လဲပြန်ပြီ

အခန်းထဲဝင်လာတဲ့ လင်း က

"နင်သတိရပြီ ကျန့် သတိရပြီ "

ဆေးရုံတစ်ရုံလုံးပြိုကျမတတ်အော်ဟစ်ပြီး
သူ့ဘေးနားရောက်လာသည်

တစ်ကိုယ်လုံးကိုသေချာစစ်ဆေးပြီး
အောက်စီဂျင်မက်စ်ကိုဖြုတ်ပေးသည်

အခုမှနေရတာသက်တောင့်သက်သာရှိသွားသလိုပဲ

"စီမံကိန်းအဆင်ပြေလား"

"ဘာ!!!!!!"

ဒေါသထွက်နေသော လူ၃ယောက်
ကျန်းချန် လင်းအာ ရှီးချန်

"မင်းသတိမေ့နေတာ တစ်ပတ် ရှိပြီကွ သိလား"

လူနာကိုဆွဲထိုးမတတ်ဖြစ်နေသောကျန်းချန်အား
ရှီးချန်နဲ့လင်းအာဆွဲထားရသည်

NEEDFULL[家] [ COMPLETED ]Where stories live. Discover now