Episode - 19

4.5K 447 16
                                    

[ Return To Happiness ]

လင်းအာနှင့် ပြောစရာရှိသောကိစ္စများကို
ပြောပြီးသောအခါ
ရှောင်းကျန့် တွင်လုပ်စရာမရှိတော့
ipadလေးကိုင်ပြီး ဟိုရှာဒီရှာလျောက်ကြည့်နေတယ်

ပန်းတွေတင်တဲ့websiteတစ်ခုကိုရှာတွေ့သွားသည်

ပန်းမျိုးစိတ်ပေါင်းများစွာနဲ့
သူတို့ရဲ့အရောင်တွေနဲ့အဓိပ္ပါယ်တွေကို
တစ်ခုချင်းစီရှင်းပြထားလေသည်

သူ့မျက်လုံးထဲတွင် Gillyflower Purple နဲ့ Convallaria တို့ကတစ်မျိုးလေး စိတ်ဝင်စားဖို့ကောင်းနေတယ်

နည်းနည်းထပ်ပြီးအာရုံစိုက်မိတဲ့အခါ
ဇက်ကြောတွေတက်လာသည်

ipadကိုခဏချပြီး ရေသွားသောက်သည်

အဒေါ်လီ က ရိပေါ်ရောက်ပြီးနောက်ပိုင်း
အနားရသွားသလိုပင်

ဟင်းပွဲတွေဆိုလည်း သူကိုယ်တိုင်ဝင်ချက်နေသောအခါ
သူ့ရဲ့ရာထူးလေးကခပ်လှုပ်လှုပ်ဖြစ်နေသည်

ရှောင်းကျန့် က သူ့အားအသက်ကြီးနေပြီ
နားနားနေနေ နေပါဟုပြောမှသာ သူ့ရာထူးလေးကို
မျက်ရည်စက်လက်နဲ့လက်လွှတ်ခဲ့ရသည်

သို့ပေမဲ့ ရိပေါ်မရှိရင်တော့ အဒေါ်လီ က သူ့ရာထူးကိုပြန်ရသည်

ရိပေါ်က တောင်းပန်ပါတယ် ဟု ဖွင့်ပြောတဲ့အခါ
အဒေါ်လီ က ဒီတိုင်းစတာဖြစ်ကြောင်း
ပြန်ပြောရသည်

လိုက်ဖက်တဲ့နှစ်ယောက်ပါပဲ

ကားသံကြားရသောအခါ
အဒေါ်လီ ကပြေးကြိုသည်

ပါးရေအနည်းငယ်တွန့်နေတဲ့အဒေါ်လီက
ဖျတ်လတ်တုန်းပါပဲ

"အေးဆေးနေပါ အဒေါ်လီ ကျနော်သယ်နိုင်ပါတယ်"

"ငါကရာထူးပျောက်နေပြီ"

"မတားပါနဲ့ ရိပေါ် သူ့ခမျာ ဘာမှမလုပ်ရလို့
ပျင်းနေရှာတာ "

"ကျနော်ပြန်လာတာ တစ်ပတ်ပဲရှိပါသေးတယ်
အဒေါ်လီ အလုပ်လက်မဲ့ဖြစ်သွားပြီလား"

"ဒီကလေးတွေကတော့ "

ရုပ်တည်နဲ့ကလေးကစတဲ့အခါ အဖွားလီကတော့နေစရာနေရာမရှိတော့သလိုပင်

NEEDFULL[家] [ COMPLETED ]Tempat cerita menjadi hidup. Temukan sekarang