家(Home) - 01

3.3K 266 6
                                    

[ မေ့ခဲ့သည်ရှိသော်
Episode -11 ကိုပြန်ဖတ်ပါရန်။ ]

[ ငါးလေး ??? ]

လင်းအာတို့ မင်္ဂလာပွဲပြီးသည်အထိ နေပေးခဲ့ကြပြီး
ရှောင်းကျန့်တို့ကတော့ တာဝန်ယူခဲ့ရသောကမ်းခြေ (ရိရှောင်ကျွန်း) ဆီသို့ အပန်းဖြေရန်ထွက်သွားခဲ့ကြသည်။

အခုလိုအနားရသည့်အချိန်တွင် အကုန်လုံးကိုမေ့ပြီး
အနားယူရန်နှင့် လတ်လတ်လောလောဖွင့်ဟထားသည့်
ခံစားချက်များကိုလည်း မပျောက်ပျက်စေချင်သေးတာကြောင့်လည်းပါသည်။

နေထွက်လာသည်ကိုကြည့်ရန်အတွက် အစောကြီးထပြီး
ကားအရှေ့ဖုံးတွင်ထိုင်ကာ စောင့်ဆိုင်းနေခဲ့သည်။

သိပ်မအေးသော်လည်း သူ့ကိုယ်ပေါ်တွင် ရိပေါ်ခြုံပေးထားသော ခြုံထည်လေးရှိနေသည်။

အနားတွင်လည်း စာအုပ်ကိုကိုင်ကာ သေချာဖတ်နေသည်။

"ဘယ်ထိဖတ်ပြီးသွားကြပြီလဲ ကျွန်တော်တို့ "

"နေထွက်လာတာ ကြည့်ပါဦး"

"အင်း"

နေထွက်လာသည်ကိုကြည့်နေရင်း
သူ့ရဲ့မျက်နှာထက် ပျော်ရွှင်မှုတွေဖုံးလွှမ်းလာသလို။

Click ~

"ဟင် "

ငေးမောနေသောသူ့ပုံအား မှတ်တမ်းတင်လိုက်ခြင်းဖြစ်သည်။

"ရိပေါ် ဘာလုပ်တာလဲ "

"ဓာတ်ပုံရိုက်တာလေ"

"အော် "

"ကျန့်ကောသိလား ကျွန်တော်ဟိုမှာရှိနေတုန်းက လူတစ်ယောက်ကပြောခဲ့တယ် စာအုပ်ကိုအဆုံးထိဖတ်ရင်သူ့အကြောင်းသိရမယ်လို့"

"အင်း "

"အခုဖတ်ပြမယ် "

"ငါလည်းမဖတ်ရတာကြာနေပါပြီ ဖတ်ပြပေါ့ "

"အင်း"

တောင်ဘက်ပိုင်းရဲ့ပုန်ကန်မှုကို ဖြေရှင်းပြီး
ဘုရင်ငယ်ဦးဆောင်ခဲ့သောစစ်တပ်အနည်းငယ်သည်
မြို့တော်သို့ပြန်လာခဲ့ကြသည်။

စစ်တပ်များကိုအရင်ပြန်စေခဲ့ပြီး
ဘုရင်ငယ်လေးနဲ့စစ်သူကြီးကတော့
ကချေသည်ဂေဟာတစ်ခုသို့ ထွက်ခွာသွားလေသည်။

NEEDFULL[家] [ COMPLETED ]Where stories live. Discover now