Mysterious Love
Unicode
ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ထဲမှာ နော်ဝေး ကနေတရုတ်ကိုပျံသန်းလာတဲ့လေယာဉ်ဆိုက်ရောက်တဲ့ အခါခရီးသည်များအလျိိုလျိုထွက်လာကြသည် ။ ခရီးဆောင်အိတ်ကို တွန်းလှည်းထဲထည့်ကာ ထွက်ပေါက်ကနေထွက်လာတဲ့အခါ ရှောင်ကျန့် ဆိုတဲ့ကြိုဆိုရေး banner ကိုမြင်တော့ ကိုင်ထားတဲ့သူဆီတည့်တည့်လျှောက်သွားလိုက်သည် ။
"အကိုလေးကိုသခင်မက လာကြိုခိုင်းလိုက်ပါတယ် ''
"အင်း ''
ရှောင်ကျန့်''အင်း''တစ်ခွန်းသာပြောပြီးတွန်းလာတဲ့အိတ်တွေကို ထိုသူလက်ထဲထည့်ပေးလိုက်ပြီး သူရှေ့ကလျှောက်လာလိုက်သည် ။ လေဆိပ်အပြင်ကိုရောက််တော့ ပေကျင်းမြို့က လေကိုတ၀ကြီး ရူလိုက်သည် သူပေကျင်းကို မရောက်တာ သူ 8နှစ်သားထဲက အဖေနဲ့ အမေကွဲပြီး အမေက နိုင်ငံခြားကိုထွက်သွားတော့ သူ့ကိုခေါ်သွားခဲ့သည်။ သူ့အမကတော့ ဒီမှာပဲ ပါးနဲ့နေခဲ့ရတယ် အခုနော်ဝေးမှာ သူ့အမေဆုံးသွားတော့ အဖွားက သူ့ကို ပြန်ခေါ်တာကြောင့်သူတရုတ်ပြည်ကို ပြန်လာခဲ့သည် ပါးတို့ဘက်ကအရမ်းပိုက်ဆံရှိတာကြောင့် တရုတ်ပြည်မှာ ရှောင်မိသားစုဆိုတာ နာမည်ကြီးပဲ ။
အနက်ရောင် Mercedesကားလေးက ကျယ်၀န်းလှတဲ့ ခြံထဲကိုရောက်တော့ ရပ်သွားသည် ၀င်လာတဲ့ခြံအပေါက်နဲ့ အိမ်နဲ့ကတော်တော်လှမ်းတဲ့ အနေအထားမျိုး ခြံထဲမှာလဲ ပန်းတွေအပြည့်နဲ့စိုက်ထားသည် အိမ်ရှေ့ထွက်ထွက်ခြင်း အဖြူရောင်ရေပန်းကြီးကရေတွေကလဲတသွင်သွင်စီးလို့။
ရှောင်ကျန့်ရဲ့ကားတံခါးကို အလုပ်သမားတွေ လာဖွင့်တော့ သူကားပေါ်ကဆင်းပြီး အိမ်ကိုဝေ့ဝိုက် ကြည့်လိုက်သည် တကယ်ကိုလူကုန်ထုံတွေနေတဲ့အိမ်ပဲ ၊သူ့အသက် 8 နှစ်အထိ ဒီအိမ်မှာနေခဲ့ပေမယ့် ငယ်သေးတာကြောင့်သိပ်မမှတ်မိ ။
'' အဖွားရဲ့မြေးလေး ပြန်ရောက်ပြီလား လာပါဦး အဖွားက မြေးလေးကိုလွမ်းနေရတာ ''
ရှောင်ကျန့်ရဲ့အဖွားကသူ့ကိုဖက်တာမို့ သူလဲအလိုက်သင့် ပြန်ဖတ်လိုက်သည်။ သူရဲ့အဖွားက အသက် 60 ကျော်ပေမယ့် 60 ကျော်လို့ မထင်ရအောင်နုတုန်း ။သူများအဖွားတွေလို ပါးရေတောင်သိပ်မတွန့်သေးဘူး ကျက်သရေရှိရှိနဲ့ လှတုန်းပဲ ။
YOU ARE READING
Mysterious Love ( Completed )
Horrorလောကမှာ မမြင်နိုင်တဲ့အရာတွေ အများကြီးရှိတယ် ကိုယ်ကမမြင်ရတာနဲ့ပဲ မရှိဘူးလို့ပြောလို့မရဘူး အက်မမြင်ရတဲ့ အရာတွေက တခါတလေ လူကိုအန္တရာယ်ပေးတက်တယ်...... (Zawgyi) လောကမှာ မမြင်နိုင်တဲ့အရာတွေ အများကြီးရှိတယ် ကိုယ...