Part- 37~ Unexpected

9.2K 1.3K 178
                                    

Mysterious Love

Unicode

ယွီပင်းရန်ဖေးကိုတွဲခေါ်လာပြီးအခန်းပြင်ကို ဘယ်လိုပြေး
ထွက်လာမှန်းတောင်မမှတ်မိတော့ဘူးတစ်အိမ်လုံးလဲ မှောင်မဲနေတာမို့လို့စမ်းတဝါးဝါးနဲ့ထွက်ပြေးလာရတယ် ။

" ဖေးကော အဆင်ပြေရဲ့လား ''

" ရတယ် ငါအဆင်ပြေတယ် ''

"ကျွန်တော်တို့လောလောဆယ်ဒဏ်ရာကိုသွေးတိတ်
အောင်လုပ်ရမယ်အခန်းထဲသွားရအောင် ''
ယွီပင်းလဲရန်ဖေးကိုခေါ်ပြီး အခန်းထဲသွားကာတံခါးကို သေချာအောင်လော့ချပြီးတံခါးနားကို ခုံတွေနဲ့ပါပိတ်လိုက်တယ် ။

လင်းချန်နဲ့ရှောင်ဟန်ကမီးဖိုချောင်ထဲက ဟင်းချက်တဲ့စင် အနောက်မှာနှစ်ယောက်သားပုန်းနေကြတယ် ။

"လင်းဒီမှာခဏနေခဲ့ကောတချက်သွားကြည့်လိုက်မယ် ''

" ဘယ်ကိုလဲ ''

"ဟမ် အော် ဇီယီတို့အဆင်ပြေရဲ့လားဆိုတာ သွားကြည့်မလို့ကျိုးချန်ကလဲတစ်ယောက်တည်း မေ့နေတာမလား အဲ့ဒါကြောင့် ''

" လင်းလဲလိုက်မယ် ''

" ကျစ်ဘာလိုက်လုပ်မှာလဲမြန်မြန်သွားပြီးပြန်လာခဲ့မယ်''
ရှောင်ဟန်ကလင်းချန်ပြောတာတောင်မစောင့်ဘူး ချက်ချင်းပဲထွက်သွားတယ် လင်းချန်လဲ ထိုနေရာကနေပုန်းနေတာမထွက်ရဲဘူး သရဲမရဲ့ပုံစံကိုမြင်ပြီးအတော်ကိုတုန်လှုပ်နေပြီ အိမ်မက်ထဲမှာသူမြင်လိုက်ရတဲ့ပုံစံအပြင် လက်ရှိအချိန်မှာမြင်ရတဲ့သွေးပျက်စရာအခြေနေကြောင့် သူတော်တော်တုန်လှုပ်နေပြီ ။

ရှောင်ဟန်မီးဖိုချောင်ထဲကနေအမြန်ထွက်လာပြီး သူ့အခန်းထဲကိုဝင်သွားတယ် အခန်းတံခါးကိုမြန်မြန်ပိတ်ပြီး သူ့ကုတင်အောက်မှာ ဖွတ်ထားတဲ့မီးခြစ်လိုအရာလေးကိုဆွဲခွာလိုက်ပြီး သူ့ဘောင်းဘီအိတ်ထဲထည့်လိုက်တယ်၊ ပြီးတော့သူ့ဖုန်းမီးကိုဖွင့်ပြီးအခန်းတံခါးကိုသေချာပိတ်ကာ တစ်ဖက်ကိုလှည့်လိုက်တော့ သူ့ကိုပြုံးပြီးစိုက်ကြည့်နေတဲ့ဇီယီနဲ့တွေ့တယ် ။

" အား ''
ရှောင်ဟန်လဲလက်ထဲကကိုင်ထားတဲ့ ဖုန်းကိုလန့်ပြီးလွင့်ပစ်လိုက်ပြီးထွက်ပြေးလာတယ်၊ ရှောင်ဟန်ကအခန်းတွေရှိတဲ့လျှောက်လှမ်းတွေ ဘက်ကနေထွက်ပြေးလာပြီးလှေကားနားရောက်တော့ မောလို့ဒူးပေါ်လက်ထောက်ပြီး အမောဖြေနေတုန်း နံရံကိုလက်သည်းနဲ့ကုတ်ခြစ်တဲ့အသံကြားလိုက်ရတယ်၊ ရိုးရိုးကုတ်ခြစ်တဲ့အသံလိုမဟုတ်ဘဲ လျှောက်လာတဲ့လမ်းတစ်လျှောက်ကိုလက်သည်းနဲ့ ခြစ်ဆွဲလာတဲ့အသံမျိိုး ။

Mysterious Love ( Completed ) Where stories live. Discover now