Part-3 ~Sad Song

17.4K 1.6K 66
                                    

Mysterious Love

Unicode

ရှောင်ကျန့်တစ်ယောက်ရုံးခန်းထဲမှာနာတာသက်သာ အောင် အတော်ကြာတဲ့အထိလှဲနေလိုက်မိတယ် ။ပထမဆုံးအကြိမ်ကိုမညှာမတာအလုပ်ခံလိုက်ရတဲ့အတွက်သူ့မှာထိုင်ဖို့တောင်အဆင်မပြေတော့ သူအကျီတွေကိုသေချာပြန်ဝတ်လိုက်တယ် တော်သေးတယ်အပေါ်က ဂျက်ကပ်တစ်ထည်ထပ်ဝတ်လာသေးလို့ မဟုတ်ရင်အင်္ကျီ​ကြေကြေမွမွနဲ့ရုံးခန်းထဲက ထွက်သွားရင် တမျိုးထင်နေကြဦးမယ် ။

အင်္ကျီနဲ့ဘောင်းဘီကိုသေချာပြန်ဝတ်လိုက်ပြီး နေကာမျက်မှန်ကိုတပ်လိုက်ကာ ဖိုင်ကိုယူပြီး ရုံးခန်းထဲကနေထွက်လာတယ် ရုံးကအခြားဝန်ထမ်းမလေးတွေက နှုတ်ဆက်ပေမယ့်သူပြန်နှုတ်ဆက်မအားတော့ဘူး ။သူ့အနောက်ကအရမ်းနာနေပြီ ဒါပေမယ့်လဲ imageပျက်မှာစ်ိုးလို့်မနဲဟန်ဆောင်ထိန်းပြီးလမ်းလျှောက်ရတယ် ။

"မန်နေဂျင်းက ခြေထောက်နာနေတာလားမသိဘူးနော် ''

"ခုနကလာတုန်းကအကောင်းကြီးပါဟ အခန်းထဲမှာများချော်လဲလို့လားမသိဘူးနော် ''

ဝန်ထမ်းတွေရဲ့တီးတိုးစကားသံတွေကြားပေမယ့်လဲ မကြားချင်ယောင်ဆောင်ကာ ကားထဲခပ်သုတ်သုတ်လျှောက်လိုက်တယ် ။ကားတံခါးကိုဖွင့်ပြီးအထဲကို မြန်မြန်ဝင်ထိုင်လိုက်တော့ မြှီးညောင့်ရိုးကအောင့်ခနဲပဲ မျက်ရည်ပါဝဲတက်လာတယ် နာလွန်းလို့ ။

ကားစီရာတိုင်ပေါ်ခေါင်းမှောက်ပြီး စီရာတိုင်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားလိုက်မိတယ် ။

" ဝမ်ခွေးကောင်....မင်းကိုငါသတ်မယ်''

နာလွန်းလို့ကားကိုချက်ချင်းမမောင်းနိုင်သေးဘဲ ကားပေါ်မှာ အတော်ကြာထိုင်နေလိုက်တယ် အပြန်ခရီး​ကြမှဘာလို့ကြာနေတယ်ထင်မိမှန်းမသိဘူး

သူစံအိမ်ကိုပြန်ရောက်တော့ ညနေငါးနာရီကျော်ပြီမို့မှောင်စပြုခါနီးပြီ ။

" မန်နေဂျင်းပြန်လာပြီလား ဟိုကျွန်မတို့ညစာချက်ထားတယ်စားပါဦးလား ''

Mysterious Love ( Completed ) Where stories live. Discover now