Part -10~Darkness

11.6K 1.3K 43
                                    

Mysterious Love

Unicode

ရန်ဖေးရေခဲသေတ္တာထဲကဘီယာဗူးသွားယူပြီးပြန်အလာ သူသေချာပိတ်ခဲ့တဲ့စာဖတ်ခန်းအခန်းတံခါးကပွင့်နေပြီး အခန်းမီးပါပွင့်နေတာသူစာဖတ်ခန်းထဲဝင်ပြီးအိမ်ထဲများ လူစိမ်းရောက်နေသလားလိုက်ပတ်ရှာနေပေမဲ့ လူအရိပ်ယောင်ဘာမှမတွေ့ရ ဒါပေမဲ့လဲမသိစိတ်ကနေ အိမ်ထဲမှာသူ့အပြင်လူတစ်ယောက်ရှိနေသေးတယ်ဆိုပြီး
စိတ်ထဲထင့်နေတယ်။

သူဧည့်ခန်းမှာအလှထားထားတဲ့ဂေါက်ရိုက်တဲ့အတံတစ်ခုကို ယူပြီးအိမ်ထဲတခန်းဝင်တစ်ခန်းထွက်လိုက်ရှာတယ် မတော်လို့အိမ်ထဲသူခိုးတို့ဘာတို့ဝင်နေရင်သူ့ကိုအန္တာ ရယ်ပြုမှာစိုးလို့ကြိုတင်ကာကွယ်တဲ့သဘောနဲ့ပေါ့ ။

တစ်အိမ်လုံးလှည့်ပတ်ကြည့်နေပေမယ့်လူအရိပ်ယောင်တောင်မမြင်ရတာကြောင့်ရန်ဖေးလဲဆက်မရှာတော့ဘဲ ဧည့်ခန်းထဲပဲသွားပြီးထိုင်နေလိုက်တယ် ။ သူnotebookကိုဆက်ကြည့်နေတုန်းအခန်းတွေ လျှောက်လှမ်းဘက်ကအသံကြားတာမို့notebook သုံးနေတာရပ်လိုက်တော့အသံမကြားရတော့တာမို့ ဆက်သုံးနေလိုက်တယ် ။

သို့သော်နံရံကိုတစ်ခုခုနဲ့ဆွဲခြစ်နေတဲ့အသံကကျယ်သထက် ကျယ်လာတာမို့သူ့ဘေးမှာချထားတဲ့ဂေါက်ရိုက်တဲ့ တုတ်တံကိုယူပြီးအသံလာရာကိုကြည့်ဖို့ထွက်လာခဲ့တယ်
သူထကြည့်ဖို့လုပ်တော့တစ်အိမ်လုံးမီးပျက်သွားတာမို့ဘာမှက်ိုမမြင်ရတော့ဘူးသူဖုန်းကိုရှာပေမယ့်လဲဖုန်းကရှာလို့ မတွေ့တာမို့အသံကြားရတဲ့နေရာကိုပဲမှန်းပြီးလျှောက်သွားလိုက်တယ် ။

သူအလင်းရလိုရငြားလိုက်ကာတွေကိုဆွဲလိုက်ပေမယ့် တစ်အိမ်လုံးကမှောင်မဲနေတယ်ညအမှောင်လို အမှောင်မျိုးမဟုတ်ဘဲလုံးဝပိန်းကျနေအောင်ကိုမှောင်မိုက်နေတာမို့သူ့ခြေလှမ်းတွေကိုသတိထားလျှောက်ပြီး အသံကြားရာကိုလျှောက်လာခဲ့တယ် ။

အသံကတစ်ခုခုကိုလက်သည်းနဲ့ကုတ်ဆွဲသံမျိိုးမို့အိမ်ထဲ တစိမ်းဝင်နေရင်ခုခံရအောင်ဂေါက်တံကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီးအပေါ်ထပ်ကိုတစ်လှမ်းချင်း တက်လာခဲ့တယ်အပေါ်ထပ်မှာလဲမှောင်မဲနေတာမို့ အပေါ်ထပ်လျှောက်လှမ်းကိုသတိထားပြီးလျှောက်လာခဲ့တယ်

Mysterious Love ( Completed ) Where stories live. Discover now