Part-14 ~ It's hurt

13.7K 1.3K 51
                                    

Mysterious Love

Unicode

~~~~~ ဒေါက် ~~~~ ဒေါက် ~~~~

တံခါးခေါက်သံကြောင့်ရိပေါ် ဘယ်လိုမှဆက်အိပ်လို့မရဘဲနိုးလာတော့ သူ့လက်မောင်းကထုံပြီးကျင်နေတာမို့ဘေးကို ကြည့်လိုက်တော့ သူ့လက်မောင်းပေါ်ခေါင်းတင်ကာ တစ်ကိုယ်လုံးသူ့ရင်ခွင်ထဲရောက်နေတဲ့ရှောင်ကျန့်...

သူမနေ့ညကအကြောင်းပြန်စဉ်းစားတော့ ညကမူးမူးနဲ့ ရှောင်ကျန့်ကသူ့ကိုလာဆွဲဆောင်တာကြောင့် သူစိတ်ပါသွားမိတာ

" မန်နေဂျင်း မန်နေဂျင်း ''

ဇီယီကအခန်းတံခါးကိုထုနေတာကြောင့် ရှောင်ကျန့်ပါနိုးလာတယ် သူနိုးလာတော့သူ့ကျောပြင်တစ်ခုလုံးကလစ်ဟာနေတာ မို့လို့ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့

' ကျက်သရေတုံးကောင်? ' သူမျက်လုံးများမှားကြည့်တာလား လို့သေချာပွတ်ကြည့်လိုက်တော့ကျက်သရေတုံးကောင်မှ ကျက်သရေတုံးကောင်အစစ်

" မင်းဘယ်လိုဖြစ် အွန်း အွန်း ''
ရှောင်ကျန့်ကအသံကျယ်ကြီးနဲ့အော်လိုက်တာမို့ရိပေါ်က
အမြန်ပဲ ရှောင်ကျန့်ပါးစပ်ကိုလက်နဲ့အုပ်လိုက်ရတယ် ။

" တိုးတိုးနေ အပြင်ကလူတွေကြားသွားလို့ ငါတို့နှစ်ယောက်လုံးကိုမြင်ရင်အရှက်ကွဲသွားမယ် မင်းကအရှက်ကွဲချင်နေလို့လား''

" အွန်း....အွန်း ''

" အ့ ''

ရှောင်ကျန့်ကရိပေါ်ရဲ့လက်ကိုကိုက်လိုက်ပြီး သူ့ပါးစပ်ကိုပိတ်ထားတဲ့လက်ကိုဖယ်လိုက်တယ်

"ထွီ မင်းရဲ့ရွံစရာလက်ကြီးနဲ့ ''

" မန်နေဂျင်းနိုးနေပြီလားအောက်ထပ်မှာမန်နေဂျင်းကို မနက်စာစားဖို့စောင့်နေတာ ''

" အာ....စားနှင့်လိုက်ကြပါ ကျွန်တော်မဆာသေးလို့ ပြီးမှပဲဆင်းခဲ့လိုက်တော့မယ် ''

"ဟုတ်ကဲ့...''

"တော်သေးတာပေါ့ညကဂျက်ချလိုက်မိလို့ ''

ဇီယီအောက်ထပ်ထွက်သွားတဲ့အသံကြားတော့မှ ရှောင်ကျန့်အိပ်ရာပေါ်ကနေဆင်းဖို့လုပ်တော့ အောက်ကမြှီးညှောင့်ရိုးကနာလို့မရပ်နိုင်ဘဲကုတင်ပေါ်က နေပြုတ်ကြသွားတယ် ။

Mysterious Love ( Completed ) Where stories live. Discover now